iMyanmarHouse.com - Best Property Website for Myanmar
×

မျက်ကပ်မှန်များသည် မျက်လုံးအိမ်သဘာဝ ဗက် တီးရီးယားပတ်ဝန်းကျင်ကို ပြောင်းလဲသွားစေနိုင်သည်ဟု သုတေ သနအသစ်တစ်ရပ်က ဖော်ပြသည်။

မျက်ကပ်မှန်တပ်ဆင်သူများ၏ မျက်စိသည် သာမန်အားဖြင့် မျက်လုံးတစ်ဝိုက်ရှိ အရေပြားပေါ်တွင် တွေ့ရသော ဗက်တီးရီးယား များကို လက်ခံထားကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။

သို့သော် ထိုသို့ ဗက်တီးရီးယားတွေ့ရှိမှုမှာ လက်ချောင်းများ နှင့် မျက်ကပ်မှန်ထိတွေ့မှုကြောင့်လား (သို့မဟုတ်) မျက်ကပ်မှန် တပ်ဆင်ခြင်းကြောင့်လားဆိုသည်မှာမူ မရှင်းလင်းပေ။

သို့သော် ယခုတွေ့ရှိချက်များကြောင့် ဗက်တီးရီးယားအနေအ ထား ပြောင်းလဲခြင်းမှာ မျက်စိရောဂါပိုး ၀င်ရောက်ခြင်းအန္တရာယ် မြင့်တက်လာစေသည်လားဆိုခြင်းအပေါ် မေးခွန်းများ ထွက်ပေါ် စေခဲ့သည်။

‘‘မျက်ကပ်မှန်တပ်ဆင်ခြင်းဟာ မျက်ကြည်လွှာ ရောင်ရမ်း ခြင်းအန္တရာယ်နဲ့ တခြားမျက်စိရောဂါဖြစ်နိုင်တဲ့ အန္တရာယ် များလာ တယ်လို့ လူသိများပါတယ်’’ ဟု ယခုလေ့လာတွေ့ရှိချက်ကို ဦး ဆောင်ရေးသားသူ မာရီယာဒိုမင်ဂွက်ဇ်ဘယ်လိုက ပြောသည်။

၎င်းသည် နယူးယောက်ဆေးတက္ကသိုလ်ရှိ လူသားတို့၏ ဗက် တီးရီးယားအသိုက်အမြုံအစီအစဉ်မှ တွဲဖက်ပါမောက္ခတစ်ဦး ဖြစ် သည်။ အမေရိကန်နိုင်ငံတွင် နိုင်ငံသား သန်း ၃၀ ကျော်တို့သည်  မျက် ကပ်မှန်များတပ်ဆင်ကြပြီး နှစ်စဉ် မျက်ကပ်မှန်ဝတ်ဆင်သူ ၅၀၀ ဦးတွင် တစ်ဦးမှာ အမြင်အာရုံကို ခြိမ်းခြောက်သော မျက်စိရောဂါ ဖြစ်ပွားနေသည်ဟု ကန်ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန (CDC) က ခန့်မှန်းသည်။

မျက်ကြည်လွှာရောင်ရမ်းမှု ရောဂါတစ်ခုတည်းကြောင့် နှစ် စဉ်လူတစ်သန်းခန့်တို့သည် ဆရာဝန်နှင့် ကုသမှု ခံယူနေရသည်။

ရောဂါကူးစက်ခံရခြင်း အဓိကအကြောင်းအရာတစ်ခုမှာ သန့် ရှင်းရေးအားနည်းမှုဖြစ်ပြီး မျက်ကပ်မှန် သုံးစွဲသူ ၄၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းကြားတို့သည် မျက်ကပ်မှန်များကို စနစ်တကျ သန့်ရှင်း ရေး မလုပ်ခြင်း (သို့) ညွှန်ကြားထားသည့်အတိုင်း မျက်ကပ်မှန် များကို အစားထိုးခြင်း မရှိသောကြောင့်ဖြစ်သည်ဟု CDC က ပြော ကြားသည်။

ယခုလေ့လာမှုတွင် မျက်ကပ်မှန် မတပ်ဆင်သူများနှင့် မျက် ကပ်မှန်တပ်ဆင်သူများကို နှိုင်းယှဉ်လေ့လာခဲ့သည်။

ယခုလေ့လာမှုအသစ်က လက်နှင့် မျက်ကပ်မှန်များ၏ သန့်ရှင်းရေး အရေးကြီးပုံကို ပြသနေသည်ဟု နယူးဆောက်သ်ဝေးလ် တက္ကသိုလ်မှ မျက်စိအထူးကုပါမောက္ခ မက်စ်ဝီးလ်ကော့စ်က ပြော သည်။ မျက်ကပ်မှန်ကိုမကိုင်မီ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ မျက်ကပ် မှန်များ ပုံမှန်လဲလှယ်အစားထိုးရေး အရေးကြီးသည်ဟု အင်လာ က ပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top