iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား သရုပ်ဆောင်မင်းသား လီမင်ဟိုနှင့် ပရိသတ်များသည် ကလေးငယ် ရေကောင်းရေသန့်ရရှိစေရန် ကုလသမဂ္ဂကလေးများရန်ပုံ ငွေအဖွဲ့ (ယူနီဆက်)သို့ ကိုရီး ယားဝမ်ငွေ သန်း၅၀လှူဒါန်းခဲ့သည်။

World Water Day အထိမ်းအမှတ်အဖြစ် လီမင်ဟို၏ အလှူပေးအဖွဲ့ PROMIZသည် ဆင်းရဲနွမ်းပါးသော ကလေးငယ်များ ရေကောင်းရေသန့်ရရှိစေရန် ယူနီဆက်နှင့် သဘောတူညီမှုတစ်ရပ် ထားရှိခဲ့သည်ဟု ယူနီဆက်ကိုရီးယားအဖွဲ့က မတ်လ ၂၂ရက်တွင်ပြောသည်။ အဆိုပါ သဘောတူညီချက်အရ လီမင်ဟိုနှင့် ပရိ သတ်များသည် ယူနီဆက်သို့ ကိုရီးယားဝမ်သန်း ၅၀လှူဒါန်းခဲ့ သည်။

လီမင်ဟိုတို့အဖွဲ့လှူဒါန်း ငွေများကို ကလေးငယ် ၅၂၀,၀၀ဦးအား ရေသန့်သောက်နိုင်စေ မည့် ရေသန့်ဆေးပြား ၆ ဒသမ၂၅သန်း ဝယ်ယူရာတွင် အသုံးပြု နိုင်မည်ဖြစ်သည်။ ယူနီဆက်နှင့်သဘောတူစာချုပ် လက်မှတ်ရေး ပွဲတွင် လီမင်ဟိုက ‘‘အကူအညီလိုအပ်တဲ့နေရာတွေကို မေတ္တာ တရားတွေ မျှဝေပေးတာနဲ့ အကူအညီလိုအပ်နေကြောင်း လူတွေသိလာအောင် လုပ်ပေးတာဟာ ကျွန်တော်လုပ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။ ကျွန်တော်လုပ်ရမယ့်အရာတွေလည်း ဖြစ်ပါတယ်။ PROMIZ အဖွဲ့နဲ့ ကျွန်တော်ဟာ ကလေးတွေ ရေကောင်းရေသန့် လေး သောက်နိုင်ဖို့ ယူနီဆက်နဲ့ လက်တွဲဆောင်ရွက်သွားပါမယ်’’ ဟု ပြောကြားသည်။

လီမင်ဟိုသည်     ၎င်း၏ ပရိသတ်များနှင့်အတူ ကောင်းမှု ကုသိုလ်များ   ပြုလုပ်နိုင်ရန် PROMIZ အလှူပေးအဖွဲ့ကို ၂၀၁၄နှစ်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top