iMyanmarHouse.com - Best Property Website for Myanmar
×

“Twilight” ဇာတ်ကားတွေနဲ့ နာမည်ကျော်လာခဲ့တဲ့ မင်းသမီး Kristen Stewart (ခရစ္စတင်းစတီးဝပ်)ကတော့ သူမရဲ့ လိင်တူချစ်သူဖြစ်သူ ပြင်သစ်အဆိုတော်မလေး Soko (ဆိုကို) နဲ့အတူ ပဲရစ်မြို့တစ်ပတ်လျှောက်လည်နေခဲ့တာကို တွေ့ရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးကတော့ အသက် ၃၀ အရွယ် ပြင်သစ်အဆိုတော်မလေးရဲ့ လက် မလွတ်တမ်းတွဲ လမ်းလျှောက်နေခဲ့ပြီး နှစ်ယောက်လုံးကလည်း အတော်လေးကို ပျော်ရွှင်နေပုံပေါက်ပါတယ်။

သားရေဂျာကင် ၊ ဂျင်းဘောင်းဘီခပ်ပွပွတစ်ထည် ၊နေကာမျက်မှန်တပ်ပြီး ဦးထုပ်တစ်လုံးကောက်စွပ်ထားတဲ့ ခရစ္စတင်းဟာဆိုရင်တော့ တကယ့်ကို ယောက်ျားလေးတစ်ယောက်အထာကျနေခဲ့ပါတယ်။ ဆိုကိုကတော့ အနက်ရောင်ဝမ်းဆက်နဲ့ စမတ်ကျနေပါတယ်။

လမ်းလျှောက်နေရင်းနဲ့ တစ်နေရာအရောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ခဲ့ကြပါတယ်။

ဆိုကိုဟာ ခရစ္စတင်းကို ပဲရစ်မြို့ကို ရောက်အလာမှာပဲ ပန်းစည်းပေးပြီး သွားရောက်နှုတ်ဆက်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်လုံးကတော့ မီဒီယာနဲ့ ပါပါရာဇီတွေကို မကြောက်ရွံ့ဘဲ အကောင်းဆုံးတုံ့ပြန်ခဲ့ကြပြီး သူတို့ရဲ့ အချစ်ရေးကိုတော့ နှစ်ယောက်လုံးက ဖွင့်ပြောမထားသေးပါဘူး။

သူတို့နှစ်ယောက်ကတော့ နိုင်ငံအတော်များများမှာလည်း နှစ်ယောက်အတူတူအချိန်ကုန်ဆုံးခဲ့ကြပြီး ခရစ္စတင်းကတော့ Twilight မင်းသား ရောဘတ်ပတ်တင်ဆန်နဲ့ ပြတ်စဲခဲ့အပြီးမှာ Tomboy တစ်ယောက်ဖြစ်လာခဲ့တာပါ။

Credit: ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top