iMyanmarHouse.com - Best Property Website for Myanmar
×

နှစ်ရှည်လများ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ပြီး ပျော်ရွှင်နေကြတဲ့ စုံတွဲတွေကြား ဘယ်အရာတွေနဲ့များ တစ်ဦးနဲ့တစ်ဦး မြဲအောင် ဆွဲဆောင် ထားကြပါလိမ့်။ ရန်ဖြစ်၊ ပဋိပက္ခတွေ ဖြစ်နေရင်တောင် သူတို့ မြဲနေရတဲ့ အကြောင်းအရင်းက တကယ်တော့ (၄) ချက်သာ ရှိပါတယ်။

၁။ ဒီအချစ်ဇာတ်လမ်းကို အမြဲအသက်ဝင်အောင် ကြိုးစားနေတတ်ကြတယ်။

နှစ်ရှည်လများ တွဲလာကြတဲ့ စုံတွဲတွေဟာ အချိန်ကြာတွဲလာတာနဲ့အမျှ တစ်ဦးအကြောင်းကို လည်းတစ်ဦး သေချာသိလာကြပါပြီ။ ဒီလို သိလာကြတဲ့နောက်ပိုင်း ဒီလူနဲ့ တစ်သက်လုံး အတူဖြတ်သန်းဖို့ တကယ်ဆုံးဖြတ်လိုက်ကြပြီလား။ တကယ်တော့ လူတစ်ယောက်နဲ့ တစ်သက်လုံး လက်တွဲသွားကြဖို့ ဆုံးဖြတ်ချက်ချရတာဟာ အလွန်ပင်ခက်ခဲလွန်းလှပါတယ်။ ဒီအချစ်စာမျက်နှာကို မပိတ်ပစ်လိုက်ပဲ အိမ်ထောင်ရေး စာမျက်နှာအဖြစ် ကူးပြောင်းသွားကြရင် တွေ့ကြုံလာတဲ့ အခက်အခဲ၊ ပြသနာ၊ ရင်ခုန်စရာ၊ ပျော်ရွှင်မှု အားလုံးကို နှစ်ဦးသားအတူ ဝေမျှခံစားကြရပါလိမ့်မယ်။ ဒါ့အပြင် နှစ်ဦးကြားက သံယောဇဉ် ချစ်ခြင်းမေတ္တာကိုလည်း လျော့နည်းမသွားအောင် ပြုစုပျိုးထောင်ရပါဦးမယ်။ ဒီတော့ စကြိုက်ခါစကလို ရင်ခုန်စရာ အခြေအနေလေးတွေ နှစ်ဦးကြား ဖန်တီးသွားနိုင်ဖို့ဆိုတာကလည်း အဓိကအချက်အဖြစ် ပါဝင်လာပါတယ်။

၂။ တစ်ဦးကိုတစ်ဦး အချိန်ပေးပါ။ စိတ်ချင်းနီးစပ်အောင် ကြိုးစားပါ။

ကြိုက်ခါစ၊ ရည်းစားအချိန်တွေတုန်းက ချစ်သူနဲ့တစ်ရက်တွေ့ပြီး နောက်တစ်ရက် ပြန်တွေ့နိုင်အောင် အချိန်တွေပေး ချိန်းကြရပါတယ်။ ခုအခါမှာတော့ အတူနေထိုင်နေကြရတဲ့ အခြေအနေ ဖြစ်လာပါပြီ။  ကိုယ့်ဘေးမှာ ကိုယ့်အိမ်ထောင်ဖက်ကို အချိန်မရွေးတွေ့နေနိုင်ပါပြီ။ ဒါပေမယ့် အရင်လို နှစ်ဦးသားတွေ့ချိန်လို တီတီတာတာပြောတာမျိုးတွေ၊ အနာဂတ်အတွက် ညှိုနှိုင်းတာမျိုးတွေ လုပ်ဖို့ထက် ဆိုဖာပေါ်ထိုင်ပြီး သူက တီဗီကြည့်၊ ကိုယ်က ဖုန်းလေးပွတ်လုပ်နေတာမျိုးသာ ဖြစ်လာကြတယ် မဟုတ်လား။ တကယ်တော့ လူ့ခန္ဓာကိုယ်ချင်း ကပ်နေတာမျိုးထက် ဦးစားပေးလုပ်ဆောင်ရမှာက တစ်ဦးနဲ့တစ်ဦး စိတ်ချင်းနီးစပ်နေဖို့ပါ။  ဒီတော့ အရင်ရည်းစားဘ၀ တုန်းကလို ကိုယ့်ချစ်သူအတွက် အချိန်ပေးပါ။ တီတီတာတာလေးတွေပြောပါ။ အိမ်ထောင်သည် ဖြစ်သွားပေမယ့် နှစ်ဦးသား ပြန် ဒိတ်ပြီး ညစာထွက်စားတာ၊ ရုံးဆင်းချိန် ရှော့ပင်းမောတစ်ခုခုမှာဆုံပြီး ရှော့ပင်ထွက်တာမျိုးတွေ၊ ရုပ်ရှင်ရုံမှာ ရုပ်ရှင်အတူသွားကြည့်တာမျိုးတွေ လုပ်ပေးပါ။

၃။ကိုယ့်အိမ်ထောင်ဖက်ကို တန်ဖိုးထားတတ်ပါစေ။

အိမ်ထောင်တစ်ခုမှာ နှစ်ဦးသား ကလေးယူဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မိသားစုလေးတစ်ခု ဖြစ်လာပါပြီ။ အဲ့ဒီမိသားစုလေးမှာ ကိုယ့်ရင်သွေးအတွက်သာ အချိန်ပေး သဲသဲလှုပ်နေပြီး ကိုယ့်အိမ်ထောင်ဖက်ကို လျစ်လျူရှုသလို ဖြစ်သွားတတ်ကြပါတယ်။ ရင်သွေးရပြီး အိမ်ထောင်ကွဲသွားရတဲ့ စုံတွဲပေါင်း များစွာရှိပါတယ်။ ဒီတော့ ကိုယ့်ရင်သွေးကို ချစ်တာက ချစ်ပါ။ ဒါပေမယ့် ကိုယ့်အိမ်ထောင်ဖက်ကိုလည်း အချိန်ပေးပါ။ ဒါ့အပြင် ရင်သွေးရတာလို့ အိမ်ထောင်ဖက်က ကိုယ့်အတွက် အရေးမပါတော့သလိုပုံစံ လုပ်တာမျိုး၊ တန်ဖိုးမထားတော့တဲ့ အပြုအမူမျိုးတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။

၎။ ငါအစား ငါတို့ဆိုတဲ့ နာမ်စားကိုသာ သုံးပါ။

အိမ်ထောင်တစ်ခု တည်ဆောက်ပြီဆိုရင် ငါ့အတွက် ဆိုတာမျိုးထက် ငါတို့အတွက် ဆိုတာမျိုးသာ ပိုစဉ်းစားသင့်ပါတယ်။ သင့်အိမ်ထောင်ဖက်ကိုပါ အမြဲ ထည့်တွက်ပါ။ ဒါ့အပြင် တစ်ခုခု နားလည်မှုလွဲနေရင်တောင် သူ့နေရာမှာ ငါသာဆိုရင် ဆိုတာမျိုး ထည့်တွက်ပေးဖို့ လိုပါတယ်။ ဘယ်တော့မှ ကိုယ့်လက်တွဲဖော်ကို ချန်မထားခဲ့ပါနဲ့။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top