iMyanmarHouse.com - Best Property Website for Myanmar
×

မျက်နှာကို ခြယ်သပြင်ဆင်တော့မယ်ဆိုရင် မဖြစ်မနေ ပြုလုပ်ရမယ့်အရာက မျက်ခုံးမွှေးဆွဲခြင်းပါပဲ။ မျက်ခုံးမွှေးဆွဲတာနဲ့ ပတ်သက်ပြီး ပျိုမေတွေ အမြဲပြုလုပ်လေ့ရှိတဲ့ အမှားတွေ ရှိပါတယ်။ အဲ့ဒီအမှားတွေကို တစ်ချက်ချင်းစီ ပြောပြရရင်ဖြင့်

၁။ သင့်မျက်ခုံးမွှေးတွေကို အခြားအလှကုန် တွေ မလိမ်းပါနဲ့။

မျက်ခုံးမွှေးနားတစ်ဝိုက်ကို လိုးရှင်းတွေ၊ ဂျယ်လ်တွေ၊ နေလောင်ခံခရင်မ်၊ ဖောင်ဒေးရှင်းတွေ မလိမ်းပဲ ထားလိုက်ပါ။ မဟုတ်ရင် မျက်ခုံးမွှေးတစ်ဝိုက်မှာ ခုနအရာတွေက စိမ့်ဝင်သွားတဲ့အခါ မျက်ခုံးမွှေးကျွတ်တာမျိုးတွေ ဖြစ်နိုင်လို့ပါပဲ။

၂။ မျက်ခုံးမွှေးဆွဲတဲ့အခါ ကြည့်ဆွဲမယ့် မှန်ကို သေချာလေး ရွေးချယ်ပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါ မှန်ဘီလူးပါတဲ့ မှန်မျိုး မသုံးပါနဲ့။ ဒီလိုမှန်မျိုးကို သုံးမယ်ဆိုရင် မျက်ခုံးမွှေးနှုတ်တဲ့အခါ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။


၃။ မျက်ခုံးမွှေးတစ်ဖက်နဲ့တစ်ဖက် ညီညာလေး ညှပ်ပါ။

မျက်ခုံးမွှေးဆွဲတော့မယ်ဆို ဘရက်ရှ်လေးနဲ့ သေချာဖြီးပြီး ကပ်ကြေးနဲ့ သေချာညှပ်ဖို့ လိုပါတယ်။ မညှပ်တတ်ရင် ဆိုင်ကိုသာ သွားလိုက်ပါ။ တစ်ဖက်က အချွန်၊ တစ်ဖက်က တုံးတုံးကြီး ဖြစ်နေရင် ဘယ်လိုမှ ကြည့်မကောင်းပါဘူး။

၎။ မျက်ခုံးမွှေးစဆွဲတဲ့ နေရာ တူညီပါစေ။

မျက်ခုံးမွှေးစဆွဲတဲ့ နေရာက တစ်ဖက်နဲ့ တစ်ဖက် မညီရင်လည်း ကြည့်ရဆိုးပါတယ်။ နှာတံရဲ့ ဘေးလိုင်းက စဆွဲမယ်ဆိုရင် နှစ်ဖက်စလုံးကို သေချာညီညီလေး ဆွဲပါ။ မျက်ခုံးမွှေးတစ်ခုနဲ့ တစ်ခု အရမ်းဝေးကွာနေရင်လည်း ကြည့်ရဆိုးတာပါပဲ။

၅။ ထူလွန်းတဲ့ မျက်ခုံးမွှေးမျိုး ရှောင်ပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါ တအားကြီးထူလွန်းသွားရင် သဘာဝနဲ့ ဝေးကွာပြီး ကြည့်လို့မကောင်းတော့ပါဘူး။ ထူမယ်ဆိုရင်လည်း ရှိရင်းစွဲထက် နည်းနည်းလေး ပိုထူတာမျိုးက အဆင်ပြေပါတယ်။

၆။ မျက်ခုံးမွှေး နှုတ်တာကတော့ ရိတ်တာတွေ၊ ဖယောင်းကပ်ခွာသုံးပြီးနှုတ်တာမျိုးတွေထက် ပိုကောင်းပါတယ်။

မျက်ခုံးမွှေးဆိုတာက တစ်ပင်ချင်းစီ နှုတ်တာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သူက တစ်မွှေးကျန်ခဲ့ရင် တစ်မွှေး ကြည့်ရဆိုးတာမို့ တစ်မွှေးချင်းစီ နှုတ်တာထက်တော့ ဘယ်အရာကမှ မထိရောက်နိုင်ပါဘူး။

၇။ မျက်ခုံးမွှေးဆွဲတံ ကောင်းကောင်းလေး ၀ယ်ပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါ ပေါချောင်ကောင်း ၀ယ်တာထက် သင်နဲ့အဆင်ပြေတဲ့ မျက်ခုံးမွှေးဆွဲတံအကောင်းစားလေး တစ်ချောင်းရှိနေရင် တော်တော် အဆင်ပြေသွားပါပြီ။ မဟုတ်ရင် ဟိုဟာစမ်းသုံး၊ ဒီဟာစမ်းသုံးနဲ့ ဘယ်မျက်ခုံးမွှေးက သင်နဲ့ အဆင်အပြေဆုံး ဖြစ်မလဲမသိ ဖြစ်သွားပါလိမ့်မယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top