iMyanmarHouse.com - Best Property Website for Myanmar
×

လွယ်ကူပေမယ့် လူတော်တော်များများ လုပ်ဖို့ပျင်းတဲ့အရာတွေထဲမှာ အိပ်ယာသိမ်းတာလည်း ပါမယ်ထင်ပါတယ်။ မနက်မိုးလင်းလို့ အိပ်ယာက ကောက်ခနဲထပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်၊ သွားစရာရှိတာ သွားလိုက်ကြပေမယ့် အိပ်ယာထဲက စောင်တွေသေချာပြန်ခေါက်တာမျိုး၊ ခြင်ထောင်တွေ ဖြုတ်တာမျိုးတွေ မလုပ်ချင်ကြပါဘူး။ ဒါလေးလုပ်ဖို့ အချိန်သိပ်မပေးရပေမယ့် အိပ်ယာသိမ်းလည်း ညနေပြန်လာ ပြန်အိပ်ရမှာပါ။ ဒီအတိုင်းပဲ ထိုးဝင်ပြန်အိပ်လိုက်တော့မယ် ဆိုပြီး ထားပစ်ခဲ့တတ်ကြပါတယ်။

တကယ်တော့ ဘ၀မှာ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် စည်းမျဉ်းစည်းကမ်းလေးတွေ နဲ့တော့ နေထိုင်ရပါလိမ့်မယ်။ ကိုယ်စခဲ့တဲ့ အရာကို ကိုယ့်အနေနဲ့ အဆုံးသတ်နိုင်ဖို့ဆိုတာ အရေးကြီးတဲ့ အရာပါ။ သင်ဟာ သင့်အိပ်ယာကို သေချာသိမ်းပြီးသွားတဲ့အခါ မနက်စောစောခံစားရမယ့် စိတ်ခံစားချက်က အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်ပြီ ဆိုတဲ့ ခံစားချက်နဲ့ သွားတူနေပါတယ်။ သင့်ဦးနှောက်ကိုလည်း အိပ်တဲ့အလုပ်တော့ပြီးပြီး နောက်တစ်ဆင့် တစ်ခုခုလုပ်ဆောင်ရမယ်ဆိုတာမျိုး အချက်သွားပြလိုက်သလို ဖြစ်သွားပါတယ်။ အိပ်ယာမသိမ်းပဲ ဒီအတိုင်းထားပြီး ထွက်သွားတာမျိုးနဲ့ အိပ်ယာကို သေချာသန့်ပြန့်အောင် သိမ်းပြီး သန့်ရှင်းပြီး အိမ်က ထွက်သွားတဲ့ ဖီလင် ဘယ်လိုမှ မတူပါဘူးတဲ့။

အိပ်ယာသိမ်းတာဟာ လုပ်ဆောင်ရတာ အချိန်မကြာသလို ကြီးမားတဲ့အရာတစ်ခု မဟုတ်ပေမယ့် စွမ်းအားကြီးမားတယ်လို့ ဆိုရမှာပါ။ နောက်တစ်ချက်ကတော့ သင့်စိတ်တွေ ကြည်လင်လန်းဆန်းနေစေဖို့ သင်ကိုယ်တိုင် လုပ်ဆောင်ကြည့်ရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကတော့ သင်ဟာ အိပ်ယာကထပြီး ညဘက် အိပ်ယာထဲ ပြန်ဝင်တဲ့အခါ သင့်စိတ်ခံစားမှုက လန်းဆန်းနေမယ်၊ စိတ်ကြည်ကြည်လင်လင်လေးနဲ့ အိပ်ယာဝင်နိုင်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့အရာပေါ့။ အဲ့ဒါကတော့ သင့်အိပ်ယာကို အမွှေးနံ့တစ်ခုခု ဖြန်းထားဖို့ပါ။  သင်ကြိုက်တဲ့ သစ်သီးနံ့၊ ပန်းရနံ့လေးတွေကို သင့်အိပ်ယာမှာ အိပ်ယာသိမ်းပြီး တစ်နေရာရာ မသွားခင်း ဖြန်းထားလိုက်မယ်ဆိုရင် သင်အိပ်ယာပြန်ဝင်တဲ့အခါ အပြင်မှာ ဘယ်လောက်စိတ်ညစ်ညူးခဲ့ရတယ်၊ ပင်ပန်းခဲ့ရတယ်ဆိုရင်တောင် သင့်အခန်းလေးထဲ ၀င်လိုက်တာနဲ့ အမောအပန်းတွေ ပြေပျောက်သွားပါလိမ့်မယ်။

Credit : Trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top