iMyanmarHouse.com - Best Property Website for Myanmar
×

ငယ်စဉ်ကလေးဘဝနှင့် ဖွံ့ဖြိုးဆဲအဆင့်တွင် ခဲဓာတ်နှင့်ထိတွေ့ခဲ့မိ ခြင်းကြောင့် အရွယ်ရောက်လာချိန်၌ အဝလွန်ဖြစ်လာနိုင်သည့် အန္တရာယ်ပိုများကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။


သုတေသီများက ကြွက်များဖြင့် စမ်းသပ်လေ့လာရာတွင် ဖွံ့ဖြိုးဆဲအဆင့် စောစောပိုင်းအချိန်၌ ခဲဓာတ်နှင့်ထိတွေ့ခြင်းကြောင့် တိရစ္ဆာန်များ၏ အစာခြေလမ်းကြောင်းထဲ၌ နေထိုင်သော ဘက်တီးရီးယားအမျိုးမျိုးပါဝင်သည့် အုပ်စုကို အပြောင်းအလဲဖြစ်စေနိုင်သ ဖြင့်  အရွယ်ရောက်လာချိန်တွင် အဝလွန်ဖြစ်လာနိုင်သည့် အန္တရာယ် သိသိသာသာမြင့်တက်လာကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ခဲဓာတ်နှင့် စောစောပိုင်းအခြေအနေတွင် ထိတွေ့ခြင်းကြောင့် အူလမ်းကြောင်းရှိ ဘက်တီးရီးယားများအပေါ် ကာလရှည်အကျိုး သက်ရောက်မှုဖြစ်စေနိုင်ပြီး အူလမ်းကြောင်းရှိ ဘက်တီးရီးယားများ ပြောင်းလဲသွားခြင်းကြောင့် အရွယ်ရောက်ပြီး ဘဝတွင် ခန္ဓာကိုယ် အလေးချိန်တိုးလာနိုင်ခြေရှိကြောင်း သုတေသီများက ပြောကြား သည်။

ငယ်ဘဝတွင် ခဲဓာတ်နှင့်ထိတွေ့ခဲ့သော အရွယ်ရောက်ပြီး ကြွက်ထီးများသည် ခဲဓာတ်နှင့်မထိတွေ့ခဲ့သော ကြွက်ထီးများထက် အဝလွန်ဖြစ်နိုင်သည့်အန္တရာယ် ၁၁ ရာခိုင်နှုန်း ပိုများကြောင်း အမေ ရိကန်နိုင်ငံ မစ်ချီဂန်တက္ကသိုလ်မှ သုတေသီများက ပြောသည်။

ကြွက်ထီးများနှင့် ကြွက်မများတွင် ဖွံ့ဖြိုးဆဲကာလ၌ ခဲဓာတ်နှင့်ထိတွေ့ခဲ့သောကြောင့် အူလမ်းကြောင်း ဘက်တီးရီးယားကွဲပြား ခြားနားသွားကြောင်း သိရသည်။

ယင်းကြွက်များမှ ပေါက်ဖွားလာသော ကြွက်ငယ်များကို နောက်ထပ်ခဲဓာတ်နှင့် မထိတွေ့စေဘဲ စမ်းသပ်ခဲ့ခြင်းဖြစ်သည်ဟု သုတေ သီများက ပြောသည်။

ယင်းလေ့လာမှုကို Toxicological Sciences ဂျာနယ်တွင် ဖော်ပြထားသည်။ ခဲဓာတ်ကို သဘာဝပတ်ဝန်းကျင်များနှင့် လူကြောင့်ဖြစ်ပေါ်လာသော အခြေအနေများတွင် တွေ့ရလေ့ရှိသည်။ ခဲဓာတ်နှင့် ထိတွေ့ခြင်းကြောင့် ကျန်းမာရေးပြဿနာများစွာ ဖြစ်ပေါ်ကြောင်း သုတေသီများလေ့လာတွေ့ရှိထားသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)က သတ် မှတ်ထားသော ဘေးကင်းလုံခြုံမှုပမာဏထက် အနည်းငယ်ကျော် လွန်သော ခဲဓာတ်နှင့်ထိတွေ့ခဲ့လျှင်ပင် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ခဲဓာတ်ကို ရှူ သွင်းမိသည်ဖြစ်စေ၊ မျိုချမိသည်ဖြစ်စေ ကျန်းမာရေးထိခိုက်မှုများ မှာ အတူတူပင်ဖြစ်ကြောင်း CDC က ပြောသည်။ အချိန်တိုအတွင်း ခဲဓာတ်ပမာဏများစွာနှင့်ထိတွေ့ခြင်းကြောင့် ခဲဆိပ်မိပါက ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အ လွယ်တကူ ဒေါသထွက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှတ်ဉာဏ် ဆုံးရှုံးခြင်း၊ ခြေလက်နာကျင်ခြင်းနှင့် အားနည်းခြင်းတို့ ကြုံတွေ့ရနိုင်သည်။   
  
Credit : 7Day Daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top