iMyanmarHouse.com - Best Property Website for Myanmar
×

နေ့ခင်းဘက်အိပ်ချင်သလို ခံစားနေရခြင်း (သို့မဟုတ်) နေ့ခင်း ဘက်အချိန်ကြာကြာ အိပ်လေ့ရှိခြင်းကြောင့် သွေးတိုးရောဂါ၊ ကို လက်စထရောမြင့်မားခြင်း၊ ခါးတစ်ဝိုက် အဆီပိုများ စုဝေးလာခြင်း၊ သွေးထဲ သကြားပါဝင်မှု မြင့်မားခြင်းနှင့် နှလုံးရောဂါတို့ ဖြစ်ပွားနိုင် သည့်အန္တရာယ် မြင့်မားလာနိုင်သည်။

ယင်းရောဂါ လက္ခဏာများအားလုံးကို ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါများဟု ခေါ်သည်။ ယခုလေ့လာမှုတွင် အာရှတိုက်နှင့် အ နောက်နိုင်ငံများမှ လူသုံးသိန်းကျော် ပါဝင်ပြီး တိုကျိုတက္ကသိုလ်မှ သုတေသီများက လေ့လာခဲ့ကြခြင်းဖြစ်သည်။

နေ့ခင်းဘက်အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းနှင့် နှလုံးရောဂါ၊ အမျိုးအစား-၂ ဆီးချိုရောဂါတို့ ဖြစ်ပွားမှုကြား ဆက်စပ်မှုရှိကြောင်း သုတေသီများက ပြောသည်။
နေ့ခင်းဘက် မိနစ် ၄၀ ထက် လျှော့အိပ်လေ့ရှိသူများသည် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုနည်းပါး သည်။

သို့သော် မိနစ် ၄၀ ထက်ပို၍ နေ့ခင်းဘက်အိပ်စက်လေ့ရှိသူ များသည် ယင်းအန္တရာယ်ပိုမြင့်မားပြီး မိနစ် ၉၀ ခန့် အိပ်စက်သူများ သည် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည့်အန္တရာယ် ၅၀ ရာခိုင်နှုန်းပိုမိုမြင့်မားကြောင်း သုတေသီများက ပြောသည်။သို့သော် မိနစ် ၃၀ အောက် အိပ်စက်သူများ ယင်းအန္တရာယ် သိသာစွာ လျော့နည်းကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့ သည်။

အိပ်စက်ခြင်းသည် ကျွန်တော်တို့၏ ကျန်းမာရေးနှင့် ညီသော လူနေမှုဘ၀ပုံစံအတွက် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်ပြီး လေ့ ကျင့်ခန်းလုပ်ခြင်းနှင့် စားသောက်မှုပုံစံတို့မှာလည်း ကျန်းမာရေးအ တွက် အရေးကြီးသည်။

နေ့ခင်းဘက် ခေတ္တမျှ တစ်ရေးအိပ်ခြင်းမှာ ကျန်းမာရေးအ တွက် အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း အချိန်ကြာမြင့်စွာ အိပ် စက်ပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။နေ့ခင်းဘက် အိပ်စက်လေ့ရှိခြင်းနှင့် ကျန်းမာရေးအပေါ် အ ကျိုးသက်ရောက်မှုများ ယခုထက်ပိုမို သိရှိနားလည်နိုင်ရေး လေ့လာ မှုများ ထပ်မံပြုလုပ်ရန် လိုအပ်သည်ဟု သုတေသီများက ပြော သည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top