iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ်ချင်းတစ်ယောက်က တစ်နေ့ မှာ သူဟာလိင်တူချစ်တူတစ်ယောက်ပါလို့  ဖွင့်ဟပြောလာတဲ့အချိန် သင်ကဘယ်လိုပုံစံမျိုးနဲ့ တုံ့ ပြန်မိမလဲ။ ရှာင်ဖယ်သွားမှာလား ဒါမှမဟုတ် ဖေးမအားပေးတဲ့ သူငယ်ချင်းအဖြစ် သူ့ ဘက်မှာဆက်လက်ရပ်တည်ပေးသွားမှာလား။

ဒီလိုအခြေနေမျိုးမှာဆိုရင် ဖေးမအားပေးဖို့ ထက် ရှောင်ဖယ်သွားကြတဲ့ သူတွေကပိုများနေကြပါတယ်။ ရှောင်ဖယ်သွားတတ်တဲ့သူတွေ အများစုကတော့ သူတို့ ကိုလည်း ပတ်ဝန်းကျင်က လိင်တူချစ်သူလို့ ထင်မှတ်သွားမှာကို စိုးရိမ်နေကြလို့ ပါပဲ။ ဒါမှမဟုတ်ရင် ဆန့် ကျင်ဘက်လိင်ကို စိတ်ဝင်စားဖို့ အတင်းတိုက်တွန်းပြောဆိုတတ်ကြပါတယ်။ လိင်တူချင်းချစ်ကြိုက်တယ်ဆိုတဲ့ စိတ်ခံစားမှုကို ပြုပြင်လို့ မရသလို လုပ်ယူလို့ လည်းမရနိုင်ပါဘူး။ ဒီတော့ အားပေးဖေးမတဲ့ စကားတွေ မပြောပြတတ်ရင်တောင် ရှောင်ဖယ်သွားဖို့ မသင့်ဘူးထင်ပါတယ်။

သင့်ကို ယုံကြည်အားကိုးလို့  သူကိုယ်သူ လိင်တူချစ်သူပါလို့  ဖွင့်ပာထွက်လာတဲ့သူငယ်ချင်းရဲ့  ခံစားချက်တွေ နားထောင်ပေးလိုက်ခြင်းကလည်း သူ ကိုကူညီရာရောက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပါ ကူညီဖေးမတဲ့ နည်းလမ်းမျိုးတွေလဲရှိပါတယ်။ ဒီလိုလိင်တူချစ်သူတွေရဲ့ ဘဝကိုစာနာနားလည်ပေးပြီး သူတို့ ဘက်မှာရပ်တည်ပေးတာတွေကလည်းသူတို့ ရဲ့  စိတ်ပိုင်းဆိုင်ရာကိုဖေးမပေးရာရောက်ပါတယ်။ လျှို့ ဝှက်စရာကိစ္စမျိုးတွေရှိရင် လျှို့ ဝှက်ထားပေသင့်တာပေါ့။ သူ့ နောက်ကွယ်ရာမှာလည်း သူကလိင်တူချစ်သူတစ်ယောက်ဖြစ်တယ်ဆိုပြီး အတင်းစကားတွေပြောဆိုလှောင်ပြောင်တာတွေလဲ မလုပ်သင့်ပါဘူး။ ဒါတွေက လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ဂူသွင်းလိုက်သလိုပါပဲ။

အချို့ အချို့ တွေရဲ့ ရှေးရိုးစွဲအယူအဆနဲ့ ဘာသာရေး အယူအဆတွေအရ လိင်တူချစ်တူတွေကဘာဘာညာညာဆိုပြီး ပညတ်ပုတ်ခတ်ပြောဆိုတတ်ကြပါတယ်။ အစွဲလို့ ပဲပြောရမှာပေါ့၊ လိင်တူချစ်တူလို့ ဆိုလိုက်ရင် လိင်တူချစ်သူတွေမှာ AIDS ရောဂါရှိတယ်ဆိုပြီးပဲ မြင်နေကြပါတယ်။ ဒါကလုံးဝမှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။ AIDS ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာနည်းပါးတဲ့ သူတွေကသာဒီလိုမှားယွင်းတဲ့ အယူအဆကို ယုံကြည် လက်ခံနေကြတာပါ။ နောက်တစ်ခုကတော့ လိင်တူချစ်သူတွေကို စိတ်ရောဂါသည်တွေလို့ သတ်မှတ်ခဲ့တဲ့ အယူအဆတွေကိုလည်း၁၉၉၀ ခုနှစ် မှာWHO (World Health Organization) က စိတ်ရောဂါသည်စာရင်းမှာ လိင်တူချစ်သူတွေမပါဝင်ကြောင်းကို သိပ္ပံနည်းကျကျနဲ့ ဖော်ထုတ်ရှင်းလင်းခဲ့ပါတယ်။ လိင်တူချစ်သူတွေကို မုန်းတီးတဲ့သူတွေဆီမှာသာ လိင်တူချစ်တူတွေကိုကြောက်ရွံတဲ့ ရောဂါရှိနေတာပါလို့ လဲပြောခဲ့ပါသေးတယ်။

Credit:Trend  Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top