iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ်ရည်နုပျိုချင်ရင် နေရောင်ခြည်မထိဖို့ လိုအပ်ကြောင်း သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ရေများများသောက်တာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေဟာလည်း ရုပ်ရည်နုပျိုဖို့ အထောက်အကူမဖြစ်ဘူးလို့လည်း သိရပါတယ်။

အဆိုပါသုတေသနကို အသားအရေထိန်းသိမ်းရေး ကုမ္ပဏီ  Olay ရဲ့ ထောက်ပံ့မှုနဲ့  Massachusetts  အထွေထွေဆေးရုံကြီးက သုတေသနသမားတွေက လေ့လာခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးပေါင်း ၂၃၁ ယောက်ကို လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး နေရောင်ခြည်ထိတွေ့မှုနည်းလေ ရုပ်ရည်ပိုမိုနုပျိုလေဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ အများထင်နေကြသလို ရုပ်ရည်နုပျိုဖို့ ရေများများသောက်တာတွေ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေဟာ အထင်အမြင်သက်သက်သာ ဖြစ်တယ်လို့လည်း အဆိုပါသုတေသနကို ပြုလုပ်သူ ပါမောက္ခ အလီဇာကင်းဘဲက ပြောကြားခဲ့ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top