iMyanmarHouse.com - Best Property Website for Myanmar
×

၁ - သူ့အမြင်

ပထမဆုံးလုပ်ကြည့်သင့်တာကတော့ တစ်ဖက်လူရဲ့ အမြင်ကနေ ဝင်ကြည့်တာဖြစ်ပါတယ်။

၂ - မေးပါ

တစ်ဖက်ရဲ့ အခြေအနေကို သင်လက်မခံနိုင်ဘူးဆိုရင် တင်းမာစွာ တုံ့ပြန်စရာမလိုပါဘူး။ ဘာကြောင့် ဒီလိုလုပ်နေရတာလဲလို့ မေးပါ။

၃ - မသိကျိုးကျွံ

လာတဲ့ပတ်ဝန်းကျင်မတူတာ၊ စရိုက်မတူတာ၊ ဘဝပေါ်အမြင်မတူတာ စတဲ့ မတူတာတွေရှိနေတာကို လက်ခံလိုက်ပါ။ သူတို့ရဲ့ ခြားနားမှုကို မသိကျိုးကျွံပြုပါ။

၎ - အထင်အမြင်

စကားပြောရတဲ့အခါ မရိုင်းဘဲ ပုံမှန်ဖြစ်ဖို့ ထိန်းပြောနေရတယ်ဆိုရင် ပြောတဲ့အခါ သူတို့ပေါ်စွပ်စွဲတာတွေ၊ ကိုယ့်ဘက်က ယူဆချက်တွေထားနေတာတွေ မလုပ်ပါနဲ့။ မင်းက၊နင်က ဆိုတဲ့စကားမျိုးနဲ့ အစပြုတာမျိုး မလုပ်ပါနဲ့။

၅ - ခြားနားမှု

ခြားနားမှုကို မသိကျိုးကျွံပြုပြီး သွားရင် တန်ဖိုးလည်း ထားသင့်ပါတယ်။ မတူတဲ့အမြင်၊ မတူတဲ့နေထိုင်မှုတွေကို လက်ခံဖို့ စိတ်သဘောထားကို ဖွင့်ထားသင့်ပါတယ်။

၆ - မသေချာမှုကို လက်ခံ

မသေချာမရေရာတဲ့ အခြေအနေကို လက်မခံနိုင်တဲ့လူတွေဟာ သည်းခံမှုပိုနည်းလေ့ရှိတယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။ မသေချာ မရေရာတဲ့ အခြေအနေကို လက်ခံစောင့်ကြည့်ပါ။ စိတ်ရှည်ပါ။

၇ - ခွဲခြမ်းလေ့လာ

ကိုယ်ဘာကြောင့် သည်းမခံနိုင်ဖြစ်နေတာလဲ ဆိုတာကိုလည်း ခွဲခြမ်းလေ့လာပါ။

၈ - ကိုယ့်ကိုယ်ကိုယ်လေးစား

ကိုယ့်ကိုယ်ကိုယ်လေးစားမှု မရှိတာ၊ ယုံကြည်မှုမရှိတာတွေကြောင့်လည်း ပတ်ဝန်းကျင်နဲ့ အတိုက်အခံ ဖြစ်ရနိုင်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top