iMyanmarHouse.com - Best Property Website for Myanmar
×

ကိုရီးယားမင်းသား ခွန်းဆောင်ဝူသည် တရုတ်ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “Returning Love” ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ  SU Companyက မတ် ၁၁ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ဒရမ်မာဇာတ်လမ်းတွဲသည် ငလျင်ကြောင့် အတိတ်မေ့ရောဂါ ခံစားနေရသော အမျိုး သားတစ်ဦး၏ အကြောင်းကို ပုံဖောက်ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။ အတိတ်မေ့ရောဂါ ခံစားနေ ရသော အမျိုးသားအဖြစ် ခွန်းက ပါဝင်သရုပ်ဆောင်ထားပြီး ခွန်းသည် တဖြည်းဖြည်း မှတ်ဥာဏ်ပြန်ရ လာစဉ် ဇနီးဖြစ်သူနှင့် ၎င်းမှတ်ဥာဏ် ပျောက်ဆုံးနေစဉ် စောင့်ရှောက်ပေးခဲ့သော မိန်းကလေးတို့ အကြား ဗျာများနေသည့် အမျိုးသားအဖြစ် သရုပ်ဆောင်ထားသည်။

ခွန်းသည် ဒရမ်မာဇာတ်ကား စတင်ရိုက်ကူးရန်အတွက် ယခုလတွင် ပေကျင်းမြို့သို့ ထွက်ခွာ မည် ဖြစ်သည်။ ခွန်းသည် မကြာသေးမီက တရုတ် ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “Destiny of Love” ဇာတ်ကားကို ရိုက်ကူးပြီးစီးခဲ့သည်။ “Destiny of Love” ဇာတ်ကားကို တရုတ်နိုင်ငံ၏ ဟူနန် ရုပ်မြင်သံကြား ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

Credit: Mizzima


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top