iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ရှေ့ဆံပင်တွေနဲ့ ခွဲထားတွေဟာ တကယ့်ကို ထူးဆန်းလှပါတယ်။ ဒီရှေ့ဆံပင်ပုံစံနဲ့ ခွဲထားတွေက သင်ဘယ်လို လူမျိုးဖြစ်သလဲဆိုတဲ့ လေ့လာချက်တွေ ပြုလုပ်တဲ့အခါ ခုလို အဖြေတွေ ထွက်လာခဲ့ပါပြီ။

 ရှေ့ဆံပင်က အ၀ိုင်းလေး ဆိုရင်

သင့်ရှေ့ဆံပင်က ပုံထဲကလို အ၀ိုင်းလေးဖြစ်နေတယ်ဆို၇င် သင်ဟာ ပြီးပြည့်စုံတဲ့သူတွေထဲက တစ်ယောက်လို့တောင် ဆိုနိုင်ပါလိမ့်မယ်။ သင်ဟာ သင်ပုံစံနဲ့သင် အရာရာတိုင်းကို လုပ်ဆောင်တတ်သူဖြစ်ပြီး သင်လိုချင်တဲ့ အရာတွေ၊ ဖြစ်ချင်တာတွေကိုလည်း ရအောင် လုပ်ဆောင်နိုင်ပါတယ်။ ခုလို လုပ်ဆောင်နိုင်တဲ့ အကြောင်းအရင်းကတော့ သင်ဟာ ကြိုတင်လေ့ကျင့်ပြင်ဆင်တတ်သူ တစ်ယောက်ဖြစ်နေလို့ပါ။ သင်ဖြေလိုက်တဲ့ အဖြေဟာ အမြဲမှန်ကန်နေတတ်တယ်ဆိုတာ သင်ကိုယ်တိုင်အပါအ၀င် သင့်ဘေးကလူတွေအားလုံးအသိပါ။ တစ်ခါတစ်လေ သင့်ရဲ့ခေါင်းမာမှုက အားလုံးကို စိတ်ရှုပ်သွားစေတတ်ပေမယ့် သင်ပြောတာ၊ သင်လုပ်ပြသွားတာ အမှန်ကုန်ဆုံး နည်းလမ်းအကျဆုံးဆိုတာ သိသွားတဲ့အခါမှာတော့ အားလုံးသင့်ဘေးနားရောက်လာတာချည်းပါပဲ။

 လေးထောင့်ဆန်ဆန် ကားကားလေး ထောင့်တွေ ရှိနေတယ်ဆိုရင်

သင့်ရှေ့ဆံပင်က ပုံမှာ ပြထားသလိုမျိုး ထောင့်လေးတွေ ရှိနေတယ်ဆို၇င် သင်ဟာ နည်းနည်း စိတ်ကူးယဉ်တတ်သူ တစ်ယောက်လို့ ဆိုရပါလိမ့်မယ်။ ဒါကို သင်က ၀န်ခံဖို့တော့ အမြဲငြင်းဆန်နေတတ်ပါတယ်။ ဒါပေမယ့် သင်ဟာ ရိုမန်တစ်ဆန်တဲ့ ဇာတ်ကားတွေ၊ အချစ်အကြောင်း သီကုံးဖွဲ့ဆိုထားတဲ့ သီချင်း၊ ကဗျာတွေ စာတွေကိုတော့ အရမ်းကို သဘောကျတတ်သူပါ။ ဒါ့အပြင် သင်ဟာ ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းမျိုးကို အမြဲမျှော်လင့်ထားတတ်ပြီး သင်လည်း တစ်နေ့ဒီလိုပဲ အဆုံးသတ်မှာလို့ စိတ်ကူးယဉ်နေတတ်သူတစ်ယောက်ပါ။ သင့်မှာ ရည်မှန်းချက်တွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ လက်တွေ့ကျဖို့တော့ လိုအပ်ပါတယ်။

 ရှေ့ဆံပင်က M ပုံသဏ္ဍာန်ဖြစ်နေမယ်ဆိုရင်

သင်ရှေ့ဆံပင်က M ပုံသဏ္ဍာန်အတိုင်း ဖြစ်နေတယ်ဆိုရင်တော့ သင်ဟာ တစ်ခုခုကို နည်းလမ်းကျကျ စဉ်းစားတတ်သူ တစ်ယောက်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်တတ်သူပေါ့။ ဒါ့အပြင် သင်ဟာ သင့်ရှေ့ဆံပင်ပုံစံ အတိုင်း တစ်ခုခုကို လုပ်ဆောင်ချဉ်းကပ်ရတော့မယ်ဆို နည်းလမ်း (၂)မျိုးနဲ့ သွားတတ်ပါတယ်။ ဒါဟာ သင့်ပတ်ဝန်းကျင်က လူတွေအတွက်၊ သင့်သူငယ်ချင်းတွေအတွက်တော့ နည်းနည်း စိတ်ပျက်စရာကောင်းတဲ့ အချက်ပါပဲ။ တစ်ခါတစ်လေ သူတို့ဘက်က သင့်ကို ရှိစေချင်ရင်တောင် သင်က ရှိချင်မှ ရှိနေတတ်တာမျိုးကြောင့်ပေါ့။ ဒီရှေ့ဆံပင်ပုံစံနဲ့ လူတွေဟာ တစ်ခုခုကို စိတ်ထဲထည့်ပြီး စိတ်ရှည်ရှည်နဲ့ နားလည်မှုရှိရှိ ကြိုးစားတတ်သူပါ။

 ကြိဂံပုံစံမျိုး ဖြစ်နေမယ်ဆိုရင်

သင့်ရှေ့ဆံပင်က ပုံထဲကလို ကြိဂံပုံသဏ္ဍာန်အချွန်လေး ဖြစ်နေမယ်ဆို၇င်တော့ သင်ဟာ ပုန်ကန်တော်လှန်လိုစိတ် ပြင်းတဲ့သူလို့ ပြောရပါလိမ့်မယ်။ သင့်ကို ပုံစံရိုးကြီးအတိုင်း လုပ်ဆောင်ဖို့ မျှော်လင့်လို့မရပါ ဘူး။ သင်ဟာ သင့်စိတ်ထဲက နည်းတွေအတိုင်း လုပ်ဆောင်တတ်သူဖြစ်ပြီး ဒါကလည်း သင့်ကိုလူတွေ သဘောကျကြတဲ့ အချက်တစ်ချက်ပါပဲ။ သင့်ရဲ့ပွင့်လင်းပြီး ဟန်မဆောင်တတ်တဲ့ ဆက်ဆံရေး အမြင်တွေကြောင့် သင့်ဘေးနားကလူတွေ၊ သူငယ်ချင်းတွေကို နာကျင်သွားစေတတ်ပေမယ့် သင့်ဟာ အားလုံးထဲက ယုံကြည် စိတ်ချရသူဖြစ်ကြောင်း သူတို့အားလုံး သိကြပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top