iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ကြောင်တစ်ကောင် ကဲ့သို့ ပြုမူပါ။

          အိပ်ရာက နိုးလာတဲ့ အခါတိုင်း ကြောင်တစ်ကောင်လို အကြောဆန့်ပါ။ ထိုနည်းက သွေးလှည့်ပတ်မှု နှင့် အစာချေဖျက်မှု တို့ကို ကောင်းမွန်စေပြီး ခါးနာ ဝေဒနာကို သက်သာစေပါတယ်။

၂။ မနက်စာ မစားဘဲ မနေပါနှင့်။          

         တွေ့ရှိချက်များ အရ မျှတတဲ့ မနက်စာကို ပုံမှန် စားခြင်းက ကိုယ်အလေးချိန် လျော့စေပါတယ်။ မနက် စာမစားတဲ့ သူတွေက ကိုယ်အလေးချိန် တက်လာနိုင်ပါ တယ်တဲ့။ မျှတတဲ့ မနက်စာမှာ လတ်ဆတ်တဲ့ သစ်သီးနဲ့ သစ်သီး ဖျော်ရည်များ၊ ကောက်နှံစာ၊ အဆီမပါ နွားနို့၊ ဒိန်ချဉ်၊ ဂျုံကြမ်း ပေါင်မုန့်၊ ကြက်ဥပြုတ်တို့ ပါဝင် ပါတယ်။

၃။ သွားတိုက်ပုံ မှန်ပါစေ။                  

          လူအများစုက သွားကို ကြာကြာတိုက်လေ့ မရှိပါဘူး။ သွားကို သေချာ မတိုက်ရင် သွားဖုံးနဲ့ သွားများ ပျက်စီးတတ် ပါတယ်။ ဒါ့ကြောင့်သွားကို အနည်းဆုံး နှစ်မိနစ်ကြာ သွားတိုက်ပါ။ သွား အပါအ၀င် သွားဖုံး၊ လျှာနဲ့ အာခေါင် တို့ကိုလည်း သန့်ရှင်းသင့်ပါတယ်။

၎။ အနံ့ဆိုးတဲ့ အစာတွေက ပိုကောင်းပါတယ်။

          ဆိုလိုတာက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ် တို့ကို စားပေးဖို့ပါ။ ဆေးပညာရှင် များ၏ တွေ့ရှိချက် အရ ကြက်သွန်ဖြူကို အစိမ်းလိုက် စားတာက အချို့သော ကူးစက်မှုများကို ကာကွယ်နိုင်ပါတယ်။ ၎င်းတို့ကို ချက်ပြုတ်ပြီး စားတာက ဓာတ်ပျက်သွား စေလို့ အစိမ်းစားပေး တာက ပိုထိရောက် ပါတယ်။

၅။ ရေနွေးကြမ်းသောက်ပါ။

          ရေနွေးကြမ်းနဲ့ သံလွင်သီးများက ရင်သား ကင်ဆာကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးလိပ်ငွေ့တွေကို တစ်ဆင့် ရှူရှိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာမယ့်  ဝေဒနာတွေ ကိုလည်း ကာကွယ်ပါတယ်။

၆။ အရိုးများကို နေ့စဉ် အားဖြည့်ပါ။       

        လူတွေဟာ အသက်(၃၀) ကျော်ရင် အရိုး တည်ဆောက်မှုတွေ ယိုယွင်းလာတတ်ကြ ပါတယ်။ နွားနို့၊ ဒိန်ချဉ် သောက်ခြင်းဖြင့် Calcium ဓာတ်ကို ရယူပါ။ ၎င်းက အရိုးတွေကို သန်မာစေပါတယ်။

၇။ ဟင်းကိုလည်း အရသာခံပါ။

          ငရုတ်သီး၊ ငရုတ်ကောင်းစတဲ့ စပ်တဲ့ အစားအစာများက ကောင်းမွန်တဲ့ ဟော်မုန်းများကို ထုတ်လွှတ် ပေးပါတယ်။ ဒါကြောင့် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပြီးတဲ့ အခါ စားခြင်းက ပိုမို ကောင်းမွန်စေ ပါတယ်။ ဒါပေမဲ့ အနီရောင် အသားတွေ ဖြစ်တဲ့ သိုးသား၊ ၀က်သား၊ ဆိတ်သား၊ အမဲသား တို့ကို အများအပြား မစားသင့် ပါဘူး။

၈။ ခွဲစိတ်ကုသမှု မခံခင် အချို့ ဆေးပင်များကို ရှောင်ပါ။

          ကြက်သွန်ဖြူ၊ ချင်း၊ ဂျင်ဆင်း စတာတွေက ခွဲစိတ်နေစဉ် သွေး အလွန်အကျွံ ထွက်စေနိုင်လို့  ခွဲစိတ် ကုသမှု မခံခင် နှစ်ပတ်လောက် ကတည်းက ရှောင်ကြဉ်သင့် ပါတယ်။

၉။ ခရမ်းချဉ်သီး။

          ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ lycopene ဓာတ်က ကင်ဆာကို တိုက်ဖျက်နိုင် ပါတယ်။ ခရမ်းချဉ်သီးက vitamin C  လည်း ကြွယ်ဝပါတယ်။ ခရမ်းချဉ်သီးကို ချက်စားစား၊ အစိမ်းလိုက်စားစား ဓာတ်မပျက်ပါဘူး။

၁၀။ vitamin C  ဓာတ်ပြည့်ဝ နေပါစေ။

          လူတွေမှာ တစ်နေ့ကို vitamin C  ဓာတ် (၉၀) မီလီဂရမ်လောက် လိုအပ်ပါတယ်။ အကောင်းဆုံး နည်းလမ်းက တစ်နေ့လျှင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ငါးမျိုးလောက် စားသင့်ပါတယ်။

၁၁။ ရေသန့်ကို သောက်ပါ။

          ကိုယ်လက် လေ့ကျင့်ခန်း လုပ်နေစဉ် အချိုရည်၊ အားဖြည့် အချိုရည်များကို မသောက်ပါနဲ့။ ကိုယ်လက် လှုပ်ရှားမှု ပြုစဉ် ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ရေသန့် သောက်ပြီးသာ ဖြည့်တင်းပါ။

၁၂။ Folic acid  ကို မမေ့ပါနဲ့။

          Folic acid ကို ကိုယ်ဝန်ဆောင် အမျိုးသမီး အားလုံးနဲ့ ကိုယ်ခံအားနည်းပြီး ကျန်းမာရေး ချူချာတဲ့ သူတွေ ဖြည့်တင်းသင့်ပါတယ်။ သန္ဓေသားလောင်းတွေမှာ ကျောရိုးမူ မမှန်ခြင်းကို ကာကွယ်ပေးပြီး ကင်ဆာ ရောဂါ ကိုလည်း တိုက်ဖျက် ပါတယ်။ Folic acid  ကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ အသည်း၊ သစ်သီးနဲ့ ဖွဲတို့ ဖြစ်ကြ ပါတယ်။


Credit : Messenger


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top