iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန်အဆိုတော်     ဆယ်လီနာဂိုမက်ဇ်သည် မတ်လ ၂၃ ရက် ညတွင် အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့ Staples Center၌ ပြုလုပ်ခဲ့သော ဂျပ်စတင်ဘီဘာဖျော်ဖြေပွဲသို့ သွားရောက်အား ပေးခဲ့သည်။

ဆယ်လီနာဂိုးမက်ဇ်သည် ရည်းစား ဟောင်းဂျပ်စတင်ဘီဘာ၏ ဖျော်ဖြေပွဲသို့သွားရောက် အားပေးခဲ့ပြီး ဇာတ်စင်နောက်၌ လူအချို့နှင့် ဓာတ်ပုံများရိုက်ခဲ့သည် ဟု သိရသည်။

ဂျပ်စတင်ဘီဘာဖျော်ဖြေပွဲ သို့     ဆယ်လီနာဂိုမက်ဇ်    လာ ရောက်အားပေးကြောင်းကို  ပွဲထဲမှ ပရိသတ်အချို့က တွေ့ရှိခဲ့ပြီး နောက် ပရိသတ်တစ်ဦးက ၎င်း ၏ တွစ်တာစာမျက်နှာတွင် ဗီဒီယိုမှတ်တမ်းတိုတစ်ခုတင်ခဲ့သည်။

ဂျပ်စတင်ဘီဘာနှင့် ဆယ်လီနာဂိုးမက်ဇ်သည် ချစ်ဇာတ် လမ်းပြန်ဆက်ရန် ပြောဆိုနေ သည်ဟု E! News သတင်းက ဖော်ပြသည်။ ‘‘ဆယ်လီနာနဲ့ ဂျပ်စတင်တို့နှစ်ယောက်သား တကယ်ကို သာသာယာယာရှိနေ ကြတယ်။ တကယ်ပဲ ပျော်နေပုံပေါက်ပါတယ်’’ဟု သတင်းရင်း မြစ်တစ်ခုက ပြောသည်။

လွန်ခဲ့သည့်ရက်အနည်းက ဂျပ်စတင်ဘီဘာသည် ဆယ်လီနာဂိုမက်ဇ်နှင့် အကြင်နာပေးနေ သည့် ဓာတ်ပုံဟောင်းတစ်ပုံကို ၎င်း၏ Instagram စာမျက်နှာ၌ ဖော်ပြခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ချစ်ဇာတ်လမ်းပြန်ဆက်နေသည် ဟူသော သတင်းများထွက်ရှိလာခဲ့ သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top