iMyanmarHouse.com - Best Property Website for Myanmar
×

ပေါ့အဆိုကျော်  Lady Gaga က မတ်လ ၂၈ရက်နေ့ တနင်္လာနေ့မှာမှ အမှန်တကယ်ကျရောက်တဲ့ သူမရဲ့မွေးနေ့ကို အစောပိုင်းရက်က ကျင်းပခဲ့တယ်လို့ Page Six က ကြေညာခဲ့ပါတယ်။အဆိုပါ ၀က်ဘ်ဆိုက်ရဲ့ သတင်းတွေအရ Poker Faceသီချင်းပိုင်ရှင် လေဒီဂါဂါဟာ ကယ်လီဖိုးနီးယားရဲ့ အနောက်ဟောလိဝုဒ်မှာ ရှိတဲ့ “No Name Restaurant and Club”မှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။

ဂါဂါရဲ့ ကိုယ်စားလှယ်တွေကတော့ အဆိုပါ သတင်းအပေါ်ဘာမှထုတ်ပြန်ခြင်းမရှိပေမယ့် No Nameပိုင်ရှင် Bryan Lingကတော့ သူ့ရဲ့clubဟာ ဖန်တီးမှုတွေ ပြုလုပ်တဲ့ လူတွေအတွက် အကောင်းဆုံးနေရာလို့ဖော်ပြခဲ့ပါတယ်။ No Name ကလပ်ဟာ ညဘက်မှာ ပုံမှန် လူတွေပြည့် ကျပ်နေလေ့ရှိပြီး တင်းကျပ်တဲ့ လုံခြုံရေးကြောင့် လူသိများပါတယ်။

ပြီးခဲ့တဲ့သတင်းတွေအရတော့ ဂါဂါနဲ့ သူမရဲ့သတို့သားလောင်း Taylor Kinneyတို့ဟာ အီတလီမှာ လက်ထပ်ဖို့အတွက် စီစဉ်နေကြတယ်လို့ သိရပါတယ်။

အတွင်းလူတစ်ယောက်ကတော့ “ဂါဂါဟာ သူမရဲ့အမွေအနှစ်တွေကို ကျင်းပချင်ပုံရတယ် ဒါကြောင့်သူတို့နှစ်ယောက် အီတလီကျေးလက်ဒေသကနေရာတွေကို လိုက်ရှာနေကြတယ် သူမကကြီးကျယ်ခမ်းနားတဲ့ အီတလီ မင်္ဂလာပွဲကို ကျင်းပချင်ပုံပါပဲ”လို့ ဇန်န၀ါရီလက Page Sixကိုပြောခဲ့ပါတယ်။

သတင်းရင်းမြစ်ကတော့ စုံတွဲဟာနေ့ရက်နဲ့နေရာကိုရွေးချယ်နေတုန်းပဲလို့ဆိုပါတယ်။
အတွင်းသိတွေကတော့ “ဂါဂါနဲ့ တေလာတို့ဟာ သူတို့ရဲ့ စေ့စပ်မှုကို အခုထိ နှစ်သက်နေကြတုန်းပဲ လက်ထပ်ပွဲအတွက် သူတို့အပြည့်အ၀မပြင်ဆင်ရသေးဘူး ” ဒါ့အပြင်ဂါဂါဟာ တေလာကို တွေ့ပြီးတည်းက တည်ငြိမ်လာတယ် သူမပိုပြီး အေးချမ်းလာတယ်”လို့ ဆိုပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top