iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီအပြောင်းအလဲကာလများတွင် အအေးမိခြင်းနှင့် ချောင်းဆိုး  ခြင်းကို လူအများကြုံတွေ့ရသဖြင့် ယင်းအခြေအနေများအတွက် မိမိနေအိမ်၌ပင် ကုသပျောက်ကင်းနိုင်မည့် နည်းလမ်းအနည်းငယ်ကို ကျန်းမာရေးပညာရှင်များက ဖော်ပြထားသည်။

ရာသီဥတု ပူလိုက်အေးလိုက်ဖြစ်တတ်သည့် ရာသီအပြောင်း အလဲကာလများတွင် ချောင်းဆိုးခြင်း၊ အအေးမိခြင်းတို့ကဲ့သို့ ကျန်း မာရေးပြဿနာများ အမြဲကြုံတွေ့ရတတ်သည်။ ထို့အပြင် ယင်းအခြေအနေများကြုံတိုင်း ဆေးဝါးများအပေါ်ချည်းသာ အားမကိုးဘဲယင်းဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကို လျစ်လျူမရှုသင့်ပေ။ ယင်းဆေးဝါးများအစား ဘေးထွက်ဆိုးကျိုးများမရှိသည့် ကောင်းမွန်မြန်ဆန်စွာ ရောဂါကုသနည်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။
ရေနွေးတစ်ခွက်ထဲ ဆားအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေး ခြင်းဖြင့် လည်ချောင်းနာကျင်မှုကို ကုသရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။

ကော်ဖီနှင့် လက်ဖက်ရည်(သို့မဟုတ်)ရေနွေးရိုးရိုးကို မကြာ မကြာသောက်သုံးပေးခြင်းဖြင့်လည်း ရောဂါသက်သာစေနိုင်သည်။
ရေနွေးထဲတွင် နနွင်းမှုန့်၊ ချင်းမှုန့်နှင့် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သောက်ပေးခြင်းဖြင့် ချောင်းဆိုးခြင်းကိုသာ သက် သာစေသည်မဟုတ်ဘဲ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ အအေးမိခြင်းနှင့်ခေါင်းကိုက်ခြင်းတို့ကိုလည်း သက်သာစေနိုင်သည်။

အအေးမိခြင်းအတွက် ရေနွေးငွေ့ရှူပေးခြင်းမှာ အကောင်းဆုံး မိမိဘာသာကုသနည်းတစ်ခုဖြစ်သည်။ ယူကလစ်အဆီကို ရေနွေး ထဲထည့်၍ ရှူပေးပါက မကြာမီရောဂါသက်သာနိုင်သည်။
လက်ဖက်ရည်ဖျော်ရာတွင် ငရုတ်ကောင်းအနက်နှင့်ချင်းစိမ်း ကို ထုချေ၍ ထည့်သောက်ပါက ချောင်းဆိုးခြင်းနှင့်အအေးမိခြင်းအ တွက် များစွာ သက်သာစေမည်ဖြစ်သည်။

အအေးမိချောင်းဆိုးခြင်းအတွက် ဆီးဖြူသီးလည်း စားသုံးပေးရမည်ဖြစ်ပြီး ဆီးဖြူသီးက ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင် သည်။ လည်ချောင်းနာခြင်းအတွက် ထောပတ်ဆီအနည်းငယ်နှင့် ဆားအနည်းငယ်ကို ရေနွေးထဲ ထည့်သောက်ခြင်းဖြင့်လည်း သက် သာပျောက်ကင်းနိုင်သည်။
နွေးသောချိုးရေထဲတွင် ယူကလစ်အဆီ တစ်စက်၊ နှစ်စက် ထည့်၍ ချိုးပေးခြင်းဖြင့်လည်း ရောဂါသက်သာရန် အထောက်အကူ ဖြစ်စေနိုင်သည်။

Credit: 7 Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top