iMyanmarHouse.com - Best Property Website for Myanmar
×

သင်တို့စုံတွဲဟာ ခုပြောပြမယ့် အချက်(၅)ချက်ကို မကြာခဏ ပြောဆိုကျင့်သုံးမိနေတယ်ဆိုရင် ဒီနည်းတွေကို ချက်ချင်း ပြောင်းလဲပစ်ဖို့ အကြံပေးချင်ပါတယ်။ နှစ်ဦးသားဆက်ဆံရေး ပျက်ပြားသွားစေတဲ့ အဓိက အချက်တွေကို ပြောပြပေးမှာမို့ စုံတွဲတွေအနေနဲ့ ဒီလို အချက်တွေကို ရှောင်ကြဉ်ပြီး ပိုမိုသာယာပျော်ရွှင်စေတဲ့ ဘ၀လေးတွေကို တည်ဆောက်ကြည့်လိုက်ပါ။

၁။ တစ်ခုခုဆို တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ပြီ။

ချစ်သူစုံတွဲတွေကြား တစ်ဦးကို တစ်ဦး အပြစ်တင်ခြင်း၊ အရှက်ရအောင် ပြောဆိုခြင်းတွေဟာ နှစ်ဦးကြားက ဆက်ဆံရေးကို ပျက်ပြားစေတဲ့ အဓိက အချက်တွေထဲက တစ်ခုပါ။ ခုလို ပြောဆိုအပြစ်တင်လိုက်ခြင်းအားဖြင့် ပြောလိုက်တဲ့သူသာမက အပြောခံရတဲ့သူဘက်ကပါ စိတ်နာစရာတွေ ဖြစ်လာပြီး ရေရှည်ဆက်ဆံရေးအတွက် ခက်ခဲသွားစေတတ်ပါတယ်။

၂။ ပျော်ရွှင်စရာတွေ ဆိတ်သုန်းသွားခဲ့ပြီ။

ချစ်သူနှစ်ဦး နောက်ဆုံးပျော်ရွှင်ခဲ့တဲ့ အချိန်က တော်တော်လေး ကြာမြင့်နေပြီ လား။ ပြန်တွေးရင်တောင် ခေါင်းထဲ တော်တော်နဲ့ ပေါ်မလာတော့လောက်အောင် ကြာနေပြီဆိုရင် နှစ်ဦးသား ပျော်ရွှင်စရာ အချိန်လေးတွေ အချိန်ပေး ဖန်တီဖို့ ကောင်းနေပါပြီ။ တစ်ယောက်မျက်နှာ တစ်ယောက်မြင်လိုက်တာနဲ့ စိတ်တို ဒေါသထွက် ရန်ပဲဖြစ်နေရတယ်ဆိုရင်တော့ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ရှေ့ဆက်ဖို့ နည်းလမ်းရှားပါးနေပြီလို့ ပြောရမှာပေါ့။

၃။ တစ်ယောက်က အမြဲတမ်းလိုလို ဒီဇာတ်လမ်းအဆုံးသတ်မယ်ချည်း ပြောဖြစ်နေတယ်။

ချစ်သူနှစ်ဦးကြား ရန်ဖြစ်တာ၊ စကားများတာ၊ သဘောထား မတိုက်ဆိုင်တာတွေ များလာတဲ့အခါ သည်းမခံနိုင်တဲ့သူက ဒီဇာတ်လမ်း ဒီမှာတင် ရပ်ကြမယ်။ ငါ စိတ်ကုန်နေပြီ ဆိုတာမျိုး၊ ငါတို့နှစ်ယောက်ရဲ့ အနာဂတ်ကို တွေးကြည့်လို့တောင် မရဘူး စတဲ့ စကာေးတွချည်း အမြဲပြောနေမယ်ဆိုရင်လည်း ဒီဇာတ်လမ်းဟာ အဆုံးသတ်ခါ နီးနေပြီလို့ ခန့်မှန်းနိုင်နေပါပြီ။

၎။ ရည်းစားဟောင်းအကြောင်းတွေ လိုတာထပ်ပို ပြောနေမိတယ်။

လူတိုင်းမှာ အတိတ်ကတော့ ရှိကြတာချည်းပါ။ ဒါက အပြစ်ပြောစရာမဟုတ်ပေမယ့် လက်ရှိချစ်သူရည်းစားရှေ့မှာ ရည်းစားဟောင်းအကြောင်းချည်း ထပ်ခါတလဲလဲ ပြောနေမယ်ဆိုရင်တော့ သူလည်း ခံပြင်းလာပါလိမ့်မယ်။ မဟုတ်ရင်တောင် သ၀န်တိုရင်တို၊ မတိုရင်လည်း သူ့ကို ချစ်ရောချစ်ရဲ့လားဆိုတဲ့ စိတ်လုံခြုံမှုမရှိတော့သလို သံသယ၀င်လာမှာပါ။  ဒီတော့ သင်ဟာ ရည်းစားဟောင်းအကြောင်းတွေ မကြာခဏပြောတတ်တဲ့သူဆို ခုချက်ချင်း ရပ်လိုက်ဖို့ ကောင်းနေပါပြီ။

၅။ နှစ်ယောက်မှာ တစ်ယောက်က လမ်းခွဲဖို့ အဆင်သင့်ဖြစ်နေပြီ။

သင်တို့နှစ်ယောက်မှာ တစ်ယောက်က ဒီအချစ်ရေးကို အစကတည်းက စိတ်မပါဘူး။ မကောင်းတတ်လို့ တွဲနေရတာမျိုး ဆိုရင်တော့ လမ်းခွဲရမယ့်နေ့က ဒီနေ့လား၊ မနက်ဖြန်လားဆိုပြီး အမြဲတွေးနေရတော့မှာပေါ့။ ဒီတော့ လမ်းခွဲကြပြီဟေ့ ဆိုရင်တော့ အထူးတလည် အံ့အားသင့်နေစရာ မရှိတော့ဘူးလေ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top