iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ဟာသတော့ ပါရပါမယ်။ တမင်တကာကြီး လုပ်တဲ့ဟာသမျိုးမဟုတ်ဘဲ ကြုံတဲ့အခြေအနေမှာ တစ်ဖက်သားပျော်အောင် ပြောနိုင်တာမျိုးပါ။ ဒီလို ပျော်စရာလေးနဲ့ပြောတဲ့အခါ တစ်ဖက်လူဟာ ကိုယ်နဲ့ဆုံရတာ သက်သောင့်သက်သာ ရှိပါတယ်။

၂ - ပြောစရာရှိတာကို ပြောရပါမယ်။ တောင်းဆိုစရာရှိတာကို တောင်းဆိုရပါမယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ဘက်ကတင်ပြချင်တာ တစ်မျိုး၊ သူ့ဘက်က တုံ့ပြန်တာက တစ်မျိုး ဖြစ်တတ်ပါတယ်။ ပြောပုံပြောနည်း ကောင်းမွန်ဖို့တော့ လိုပါတယ်။

၃ - သုံးတဲ့စကားလုံး အများစုဟာ အပြုသဘောတော့ ဆောင်သင့်ပါတယ်။ အကောင်းဘက်ရောက်တဲ့ စကားလုံးမျိုးကို သုံးပြီး ပြောသင့်ပါတယ်။

၎ - သာမန်ရင်းနှီးမှုမျိုးနဲ့ ပြောတဲ့ ပုံစံမျိုးတွေကို ရှောင်ပါ။ ဥပမာ - နေကောင်းလား၊ ဘာစားပြီးပြီးလဲ ဆိုတဲ့ နှုတ်ဆက်ပုံမျိုးတွေ ဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ဟန်မျိုးဖြစ်တဲ့ စကားလုံးတွေ၊ လေယူလေသိမ်းတွေကို သုံးပြီး ပြောသင့်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top