iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ်နေထိုင်မကောင်းဖြစ်ခြင်းဟာ ခန္ဓာကိုယ် အတွင်းပိုင်းမှာ အဆင်မပြေမှုကနေ ဖြစ်ကြောင်း ရှေးခေတ်နဲ့ အခုခေတ် လူအတော်များများ ယုံကြည်ထားကြပါတယ်။ အဲဒီအဆင်မပြေဖြစ်မှုဟာ အစားအသောက်မသင့်လျှော်မှု၊ အလေ့အကျင့် မမှန်ကန်မှုနဲ့ အတွေးစိတ်ကူး ညံ့ဖျင်းမှုတို့ကြောင့် ရရှိနိုင်ပါတယ်။

ဂျပန်နိုင်ငံမှ ရှေးခေတ် အနှိပ်ကျွမ်းကျင်ပညာရှင် Jin Shin Jyutsu က ခန္ဓာကိုယ်အတွင်းပိုင်း သဟဇာတပြန်ဖြစ်စေဖို့ ဆိုင်ရာဆိုင်ရာ နှိပ်နယ်နည်းတွေ အသုံးပြုပါတယ်။

အထက်ကပုံကို အသုံးပြုပြီး ခန္ဓာကိုယ်ရှိ ရောဂါလက္ခဏာတွေ သက်သာစေရေး သင့်တော်မှန်ကန်တဲ့ လက်ချောင်းများ ရှာနိုင်ပါတယ်။

·         လက်မ နှိပ်နယ်ပေးပါက အစာအိမ်နဲ့ သရက်ရွက်ကို သဟဇာသဖြစ်စေပါတယ်။ စိတ်လှုပ်ရှားမှု၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကျရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ အရေပြားပြသနာ၊ ခေါင်းကိုက်ဝေဒနာ၊ ဗိုက်အောင့်ဝေဒနာများကိုလည်း သက်သာရာ ရစေနိုင်ပါတယ်။

·         လက်ညှိုးကို နှိပ်ပေးမယ်ဆိုရင် ကျောက်ကပ်နဲ့ ဆီးအိတ်ကို လိုက်လျောညီထွေဖြစ်စေပါတယ်။ စိုးရိမ်ပူပန်မှုအပြင် ကြွက်တက်ခြင်း၊ ကျောပြင်နာကျင်ကိုက်ခဲခြင်းနဲ့ အစားခြေလမ်းကြောင်း ပြသနာတွေ သက်သာစေနိုင်ပါတယ်။

·         လက်ခလယ်ကို နှိပ်နယ်ပေးမယ်ဆိုရင် အသည်းနဲ့ အာရုံကြော သဟဇာတဖြစ်အောင်လုပ်ပေးပါတယ်။ အမျက်ဒေါသနဲ့ စိတ်ရှုပ်ထွေးမှုကို သက်သာစေပါတယ်။ ဦးနှောက်သွေးကြောကျန်းမာရေး၊ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု၊ အမြင်အာရုံပြသနာနဲ့ ခေါင်းကိုက်ဝေဒနာတို့ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။

·         လက်သူကြွယ်ကို နှိပ်နယ်ပေးပါက အဆုတ်နဲ့ အစာခြေအင်္ဂါစု သဟဇာတဖြစ်စေပါတယ်။ စိတ်ဝမ်းနည်းခံစားရမှုအပြင် အသက်ရှူပြသနာနဲ့ အစာခြေဖျက်မှု ပြသနာများပါ သက်သာပျောက်ကင်းစေတယ်။

·         လက်သန်းကို နှိပ်နယ်ပေးမယ်ဆိုရင် နှလုံးကို လိုက်လျောညီထွေ ဖြစ်စေပါတယ်။ စိတ်တင်းမာမှု၊ ပူပန်မှုနဲ့ အထီးကျန်မှုကို သက်သာစေပါတယ်။ လည်ချောင်းနာကျင်မှု၊ လေပွခြင်းနဲ့ အရိုးနဲ့ပတ်သက်တဲ့ ပြသနာတွေ ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

Credit :Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top