iMyanmarHouse.com - Best Property Website for Myanmar
×

အင်္ဂလန်နိုင်ငံမှ ဆင့်ကဲ ဖြစ်စဉ်နဲ့သက်ဆိုင်တဲ့ စိတ်ပညာရှင် Satoshi Kanazawa က လူဦးရေသိပ်သည်းမှု လျော့နည်းခြင်းနဲ့အညီ လူအများစုရဲ့ပျော်ရွှင်မှု တိုးမြင့်နေတဲ့အချိန်မှာ ဦးနှောက်ဥာဏ်ရည် အလွန်ထက်မြတ်သူတွေဟာ သူငယ်ချင်းအပေါင်းအသင်းများနဲ့ အပြင်ထွက်မလည်တဲ့ အချိန်တွေမှာလည်း တကယ် ပိုမိုပျော်ရွှင်မှု ရှိကြကြောင်း တွေ့ရှိခဲ့ပါတယ်။

ပိုထက်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ အပေါင်းအသင်း ဝင်ဆံ့မှုမှာ အားရကျေနပ်မှု ပိုနည်းကြကြောင်း ယင်းလေ့လာမှုက ဆိုပါတယ်။ ဥာဏ်ရည်ဥာဏ်သွေးနဲ့ လုပ်နိုင်စွမ်းရှိတွေဟာ ပတ်ဝန်းကျင်နဲ့ ရောနှောဆက်ဆံရာမှာ အချိန်အများကြီးကုန်ဆုံးစေနိုင်ခြေ ပိုနည်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က တခြားရေရှည် ရည်မှန်းချက်တွေ အာရုံစူးစိုက်နေရတာကြောင့် ဖြစ်ပါတယ်။

ဒါယုတ္တိရှိပါတယ်။ အရမ်းထက်မြတ်သူတွေဟာ သူတို့သက်သေပြချင်တဲ့ သီအိုရီသစ်တွေနဲ့  ကမ္ဘာကြီးကို ပြောင်းလဲမယ့် သူတို့တီထွင်မှု ဖန်တီးမှုတွေကို ရင်ခုန်နေလေ့ရှိပါတယ်။ သူတို့ရည်မှန်းချက် ပန်းတိုင်နောက်ကိုပဲ သူတို့လိုက်ချင်ကြပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ ပြောစကား နားထောင်ဖို့ထက် ပိုအရေးကြီးတဲ့ လုပ်စရာတွေ သူတို့မှာ ရှိတယ်။  ဒီတော့ ရင်းနှီးတဲ့ သူငယ်ချင်း အနည်းငယ်သာရှိပြီး အလုပ်လုပ်ရင်း ကိုယ့်ဖာသာ အိမ်မှာနေရတာ ပိုနှစ်သက်ပါက စိတ်ပျက်စရာမရှိပါဘူး။ သင်ဟာ တကယ် ထူးချွန်ထက်မြတ်သူ ဖြစ်နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top