iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ်ရည် ဆွဲဆောင်မှု ရှိသည်ဟု သတ်မှတ်ခံရသူ များသည် လူမှုရေး ဆိုင်ရာ အခြေအနေ များတွင် အလားတူ ရုပ်ရည် ဆွဲဆောင်မှု ရှိသူများနှင့်သာ ပေါင်းသင်းလေ့ ရှိကြောင်း လေ့လာမှု တစ်ခုက ဖော်ပြ လိုက်ပြီ ဖြစ်သည်။

          ထို့ပြင် ဆွဲဆောင်မှုရှိသော အမျိုးသမီးများသည် အုပ်စုတစ်စု၏ အလယ်တွင် ရှိနေ တတ်ကြောင်း သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။ နယူးဇီလန်ရှိ အိုတာဂို တက္ကသိုလ်၊ အောက်စဖာ့ဒ် တက္ကသိုလ် တို့မှ ပညာရှင်များသည် နယူးဇီလန် ဒူနဲဒင်ရှိ အားကစားရုံ တစ်ခု၏ ခေါင်မိုးတွင် ကင်မရာများ လျှို့ဝှက် တပ်ဆင်ပြီး လေ့လာမှုကို ပြုလုပ်ခဲ့သည်။

          ပညာရှင်များသည် တစ်ဦးနှင့် တစ်ဦး မသိရှိကြသည့် လူ(၁၇၂)ဦး တို့အား အုပ်စုများဖွဲ့ရန် ညွှန်ကြား ခဲ့သည်။ အလေ့လာခံများအား လူဦးရေ မည်ရွေ့မည်မျှ သတ်မှတ် ထားခြင်း မရှိဘဲ အုပ်စုဖွဲ့နိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။ အလေ့လာခံများအား အကျယ် (၆၀၀) စတုရန်းမီတာ ရှိသည့် နယ်ပယ် အတွင်း ရှစ်ကြိမ် တိုင်တိုင် အုပ်စုဖွဲ့စေ ခဲ့သည်။

          အလေ့လာခံများကို အစောပိုင်းတွင် ဓာတ်ပုံရိုက်ထားပြီး အခြား သုတေသန အဖွဲ့အား ၄င်းတို့၏ ဆွဲဆောင်မှု အဆင့်ကို ဆုံးဖြတ်စေခဲ့ပြီး ဖြစ်သည်။ အလေ့လာခံ များသည် ပျမ်းမျှအားဖြင့် ခြောက်ယောက်လျှင် တစ်အုပ်စုဖွဲ့လေ ရှိပြီး ၄င်းတို့ နည်းတူ ဆွဲ ဆောင်မှု ရှိသူများနှင့်သာ အုပ်စုဖွဲ့လေ့ ရှိကြောင်း အိုတာဂိုရှိ စိတ်ပညာဋ္ဌာနမှ ပါမောက္ခ ဂျမင်ဟယ်ဘာစတတ်က ပြောဆို ခဲ့သည်။ ထို့ပြင် အမျိုးသမီးများနှင့် ဆွဲဆောင်မှု ရှိသူ များသည် အမျိုးသား များနှင့် ဆွဲဆောင်မှု မရှိသူများထက် အုပ်စု၏ အလယ်ဗဟိုတွင် နေရလေ့ ရှိကြောင်း ကိုလည်း တွေ့ရှိခဲ့သည်။

          ယခုတွေ့ရှိမှုက အသွင်တူရာသာ မိတ်ဖြစ်လေ့ရှိသည် ဆိုသည့် အချက်ကို အပြည့်အ၀ ထောက်ခံ နိုင်ဦးမည် မဟုတ်သော်လည်း လူများသည် ကိုယ့်နည်းတူ ဆွဲဆောင်မှု ရှိသူများ ကိုသာ အပေါင်းအသင်း လုပ်ချင်သည့် စိတ်ရှိသည် ဟူ၍တော့ ပြောလို့ရကြောင်း ပါမောက္ခ ဟယ်ဘာစတတ်က ပြောသည်။

 Credit:Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top