iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆုံးအကြိမ် ချိန်းတွေ့ဖို့သွားမယ်ဆိုရင်တော့ လူတိုင်းက စိတ်လှုပ်ရှားကြတာပါပဲ။ ကြည့်ကောင်းအောင်ဘယ်လိုဝတ်မလဲ၊ ဘာစကားတွေပြောမလဲ၊ ဘယ်နေရာမှာချိန်းမလဲ စသဖြင့် ခြေမကိုင်မိလက်မကိုင်မိနဲ့ အယောင်ယောင်အမှားမှားတွေဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် အမှားကြီးကြီးမားမားမလုပ်မိဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ဒီလိုချိန်းမတွေ့ခင်မှာ လူတိုင်းလုပ်မိတဲ့၊ ပြင်ဆင်မိတဲ့အရာ (၅)ခုရှိပါတယ်။

၁။ တစ်ယောက်တည်းစကားပြောကျင့်တာ
ဒါကတော့ လူတိုင်းနီးပါးလုပ်မိပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့သူနဲ့မတွေ့ခင်မှာ သူစိတ်ဝင်စားလောက်မယ့်၊ သူ အထင်ကြီးလောက်မယ့်စကားတွေကို တစ်ယောက်တည်း မှန်ရှေ့မှာ လေ့ကျင့်နေမိတာမျိုးပါ။ တစ်ခါတစ်လေမှာဆိုရင် ကိုယ်ကြုံဖူးတဲ့အကြောင်းအရာတွေကို စီကာပတ်ကုံးပြောတတ်ဖို့ပါ လေ့ကျင့်မိတတ်ကြပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတာ
ဒီလိုချိန်းတွေ့ဖို့ကြုံလာရင် ချိန်းမတွေ့ခင်မှာ ကိုယ့်ရဲ့အားနည်းချက်၊ ရှက်စရာဖြစ်မယ့်အရာတွေကို တန်းစီပြီးအလိုလိုစဉ်းစားမိလာပါတယ်။ ကိုယ်ကသူအထင်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါ့မလား၊ သူကိုယ့်ကိုသဘောကျပါ့မလားဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိ ဖြစ်နေတတ်ပါတယ်။

၃။ အ၀တ်အစားရွေးတာ
အဲ့အချိန်ဆိုရင် ဘယ်အ၀တ်အစားကိုမှ စိတ်တိုင်းမကျပါဘူး။ ထုတ်လိုက်၊ ၀တ်ကြည့်လိုက်၊ နောက်တစ်ခုစမ်းဝတ်လိုက်နဲ့ ဘယ်တစ်ခုကိုရွေးလို့ရွေးရမှန်းမသိဖြစ်နေတာကတင် အချိန်တော်တော်ကြာသွားပါတယ်။ ကံဆိုးရင် ချိန်းထားတာတောင်နောက်ကျမလားပါပဲ။

၎။ ချိန်းထားတာကို ဖျက်ဖို့ကြိုးစားမိတာ
ဒီတစ်ခါတော့မတွေ့သေးတာကောင်းမယ်၊ သူနဲ့အဆင်မပြေနိုင်ဘူး၊ အကြောင်းတစ်ခုခုပြပြီး ဖျက်လိုက်တော့မယ် စသဖြင့် ခေါင်းထဲကို အတွေးမျိုးစုံဝင်လာပါမယ်။

၅။ သူ့အကြောင်းတွေစုံစမ်းတယ်
သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်၊ Instagram နဲ့ တခြား သူ့အကြောင်းသိလို့ရမယ့် နေရာအကုန်လုံးကနေ အချက်အလက်တွေ ရှာဖွေလေ့လာနေပါမယ်။ ဒါမှလည်း ကိုယ်က အကောင်းဆုံးပြင်ဆင်သွားနိုင်မှာကိုး။
တကယ်တမ်းအဲ့လိုလုပ်နေဖို့က အရမ်းကြီးမလိုပါဘူး။ တွေ့တဲ့အခါကျမှ သူဘာကိုစိတ်ဝင်စားလဲ၊ ဘယ်လိုပုံစံရှိလဲဆိုတာကို အကဲခတ်၊ စကားလမ်းကြောင်းဖော်ပြီး ပြောဆိုကြည့်ရမှာပါ။


Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top