iMyanmarHouse.com - Best Property Website for Myanmar
×

ဒီနှစ်အကယ်ဒမီပေးပွဲကို တက်ရောက်ဖြစ်မယ့် အောင်မင်းခန့်က အကယ်ဒမီရရှိတဲ့ အနုပညာရှင်တွေကို ကြည့်ပြီး အားကျမိတယ်လို့ ဆိုပါတယ်။ တစ်ချိန်ကျရင်လည်း သူတို့လိုပဲ အကယ်ဒမီ ရုပ်တုကြီးကိုင်ပြီး အကယ်ဒမီ စင်မြင့်ပေါ်မှာ ကျေးဇူးတင် စကားပြောနိုင်အောင် ကြိုးစားမယ်လို့ သူကပြောပါတယ်။


 "ကျွန်တော်လည်း တစ်ချိန်ကျရင် သူတို့လိုပဲ အကယ်ဒမီရုပ်တုကြီး ကိုင်ပြီး အကယ်ဒမီ စင်မြင့်ပေါ်မှာ ကျေးဇူးတင် စကားပြောနိုင်အောင် ကြိုး စားမယ်။ အကယ်ဒမီ ရတယ်ဆိုတာကလည်း တော်ရုံတန်ရုံ ကြိုးစားအားထုတ်မှုမျိုးနဲ့  ရတာမဟုတ်ပါဘူး။ တကယ် ကြိုးစားအားထုတ်တဲ့ သူတွေသာ အကယ်ဒမီဆုကို ပိုင်ဆိုင်ရမှလေ။ ဒီနှစ်မှာ အကယ်ဒမီဆုရတဲ့သူတွေ ဘယ်လိုကြိုးစားလဲ အတုယူသင့်တာသူတို့ ယူပါမယ်"လို့ သူက ဆိုပါတယ်။

 ဒီနှစ်အကယ်ဒမီပေးပွဲ စင်မြင့်ပုံစံလေးတွေကို ကြိုက်နှစ်သက်တယ်လို့ ဆိုလာတဲ့ သူက ပျော်ရွှင်စရာကောင်းတဲ့ အကယ်ဒမီ ပေးပွဲကြီးတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောပြခဲ့ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top