iMyanmarHouse.com - Best Property Website for Myanmar
×

အိပ်ခါနီးအချိန်ကျမှ အစားတွေအများကြီးစားတာဟာ အလေ့အထကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ အလွယ်စာတွေ ဖြစ်တဲ့ ရေခဲမုန့်တွေ၊ အာလူးကြော်တွေစားရာကနေ ကိုယ်အလေးချိန်တွေတိုးလာသလို ကယ်လိုရီတွေတက်လာတာမို့ ညဘက်အစာစားတဲ့ အကျင့်ဖျောက် နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ညစာကောင်းကောင်းစားခြင်း - ပိန်ချင်လို့ညစာမစားဘဲ အိပ်ခါနီး ကျမှတစ်ခုခုစားမိတာဟာ ကိုယ်အလေးချိန်မလျော့ဘဲ တိုးအောင် လုပ်သလိုဖြစ်နေတယ်ဆိုတာ သိထားဖို့လိုပါတယ်။ ဒါကြောင့်မို့ အချိန်သတ်သတ်မှတ်မှတ်နဲ့ ညစာစားပြီး အိပ်ခါနီး ဗိုက်မဆာအောင်လုပ်ကြည့်ပါ။

ညစာစားပြီး အချိုတည်းပါ - ညစာစားပြီးတဲ့အခါ ကျန်းမာရေးအတွက် သင့်တော်တဲ့ စားစရာတွေဖြစ်တဲ့ ငှက်ပျောသီး၊ ဒိန်ချဉ်၊ အစေ့အဆန်စတာတွေကို အချိုတည်းတဲ့ သဘောမျိုးစားပေးတဲ့အခါ တင်းတိမ်သွား မှာပါ။

စာဖတ်ပါ - ခေါင်းထဲမှာ စားစရာအကြောင်း မတွေးမိဖို့ဆိုရင်တော့ အာရုံပြောင်းထားဖို့တော့ လိုပါတယ်။ ဒီတော့ကာ စာအုပ်တစ်ခုခု ဖတ်တာမျိုးလုပ်နေတဲ့အခါ စိတ်လည်း အပန်းပြေသလို ကောင်းကောင်း အိပ်ပျော်စေပါတယ်။

သဘာဝလက်ဖက်ရည်သောက်ခြင်း - ညအချိန်အတွက် အကောင်းဆုံးသောက်စရာကတော့ ဆေးဖက်ဝင်ရေနွေးကြမ်းသောက်တာပါပဲ။ လာဗင်ဒါ၊ လီမွန်တီး၊ ဂရင်းတီးလိုမျိုးတွေ သောက်နိုင်ပါတယ်။

ရေသောက်ပါ - အိပ်ရာမ၀င်ခင် ရေသောက်တာက ဗိုက်လည်း ပြည့်စေသလို ရေဓာတ်လည်း ပြည့်ဝနေစေပါတယ်။

သွားတိုက်ပါ - ခံတွင်းကို သန့်ရှင်း အောင်လုပ်ထားပြီးတဲ့အခါ အစား ထပ်စားဖို့ တုံ့ဆိုင်းစေတဲ့အတွက် သွားတိုက်ထားခြင်းနဲ့လည်း အစား တွေမစားမိအောင် လုပ်နိုင်ပါတယ်။

အသီးအနှံအနည်းငယ်စားခြင်း - အဆီအနှစ်တွေ၊ အချိုအဆိမ့်မုန့် တွေစားတာထက်စာရင် လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီ၊ ဂရိတ်ဖရု စတဲ့ အသီးအနှံနည်းနည်းစား ပေးတာက ပိုပြီးသင့်တော်ပါတယ်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top