iMyanmarHouse.com - Best Property Website for Myanmar
×

 မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းက သင့်အတွက် ကျန်းမာရေးကောင်းကျိုးတွေ ဖြစ်စေပါတယ်။

နေရောင်အောက်မှာ အချိန်ကြာမြင့်စွာ သွားလာလှုပ်ရှား နေထိုင်ခြင်းနဲ့ ပူပြင်းလှတဲ့ နေရောင်ခြည် တိုက်ရိုက် ထိတွေ့ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒါပေမဲ့ မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းက သင့်အတွက် ကျန်းမာရေးကောင်းကျိုးတွေ ဖြစ်စေပါတယ်။

(1) စိတ်ပျော်ရွှင်စေတယ်

သုတေသီတွေရဲ့ တွေ့ရှိချက်အရ နေရောင်ခြည်ဟာ စိတ်ဓာတ်ကျမှုတွေ ပြေပျောက်ပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။

မနက်ခင်း နေထွက်ချိန်မှာ ဦးနှောက်အတွင်း serotonin ပိုမိုထွက်ရှိလာပါတယ်။ serotonin က ကောင်းမွန်တဲ့ စိတ်ခံစားမှုကို ဖြစ်စေပါတယ်။ မနက်ခင်း နေရောင်ခြည်အောက်မှာ လမ်းလျှောက်ထွက်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုကို ရနိုင်ပါတယ်။

(2) ကင်ဆာရောဂါ ကာကွယ်နိုင်တယ်

နေရောင်ခြည်မှ ရရှိနိုင်တဲ့ ဗီတာမင် D က ကင်ဆာဖြစ်ပွားမှု လျော့ကျစေပါတယ်။ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနအရ နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဖြင့် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်မှုကို ကာကွယ်နိုင်တယ်လို့ ဖော်ပြပါတယ်။

(3) အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေ လျော့ကျနိုင်တယ်

နေရောင်ခြည်နဲ့ ထိတွေ့ခြင်းက အယ်လ်ဇိုင်းမားခေါ် မှတ်ဉာဏ်ချို့ယွင်းမှုကို တိုက်ဖျက်နိုင်ပါတယ်။ နေရောင်ခြည်က အိုမင်းတဲ့အရွယ်မှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို နှေးကွေးစေပါတယ်။

(4) သွေးတိုး လျော့ကျပြီး နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်

Journal of Investigative Dermatology ရဲ့ သုတေသနအရ တစ်နေ့လျှင် မိနစ် ၂၀ ကြာ မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဖြင့် သွေးတိုးမှုကို လျော့ကျစေပါတယ်။ ဒ့ါပြင် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းမွန်စေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

(5) အဆစ်ရောင်ရောဂါ ကာကွယ်နိုင်တယ်

နေရောင်ခြည်မှာ ပါဝင်တဲ့ ဗီတာမင် D က ခန္ဓာကိုယ်ရဲ့ အဆစ်အမြစ်နေရာတွေမှာ ရောင်ရမ်းနာကျင်မှု ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ နေရောင်ခြည်က လူ့ခန္ဓာကိုယ်ရဲ့ ခြေဆစ်လက်ဆစ်နေရာတွေမှာ ချောဆီသဖွယ် စွမ်းဆောင်ပေးတယ်လို့ ဆိုပါတယ်။
(6) ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်စေတယ်

နေရောင်ခြည်နဲ့ ပုံမှန် ထိတွေ့ပေးခြင်းက အသက်အရွယ်ရလာတဲ့အခါ ကြုံရတတ်တဲ့ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာမှုကို ကာကွယ်ပေးပါတယ်။ နေရောင်ခြည်မှာ ပါဝင်တဲ့ ဗီတာမင် D က ဦးနှောက် စွမ်းဆောင်ရည်အတွက် အထောက်အကူ ပြုပါတယ်။

(7) နှစ်ခြိုက်စွာ အိပ်ပျော်စေ

ညဘက် အိပ်မရနိုင်ဖြစ်တတ်သူတွေဟာ နေရောင်ခြည်နဲ့ ထိတွေ့ပေးသင့်ပါတယ်။ မနက်ခင်း နေရောင်ခြည်အောက်မှာ လမ်းလျှောက်ထွက်ခြင်းက ညဘက်မှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top