iMyanmarHouse.com - Best Property Website for Myanmar
×

ပိုက်ဆံကို ကိုယ့်အိမ်ထောင်ဖက် မသိအောင် ဖွက်ထားတတ်ခြင်းက လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေတတ်ပါတယ်။ ဒီအကျင့်က လင်မယားနှစ်ယောက်ကြားမှာရှိတဲ့ ယုံကြည်မှု၊ရင်းနှီးမှုနဲ့ ပတ်သက်မှုကို ထိခိုက်စေနိုင်တဲ့အချက် ဖြစ်ပါတယ်။ ကိုယ့်ဇနီး/ခင်ပွန်း မသိအောင် ပိုက်ဆံဖွက်ထားတာက ဘာမှ အရေးကြီးတဲ့ ကိစ္စတစ်ခုမဟုတ်ဘူးလို့ ထင်ကြတဲ့သူတွေ ရှိပါတယ်။ ဒါမှမဟုတ် တစ်ခုခု အဆင်မပြေတာကြုံခဲ့ရင် အရေးပေါ် အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီလို ကိုယ့်အိမ်ထောင်ဖက် မသိအောင် ပိုက်ဆံကို ဖွက်ထားတတ်တဲ့သူက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ မကြာမီကပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ အမေရိကန် ၇.၂ သန်းကျော်က သူတို့ရဲ့ ဇနီး/ခင်ပွန်းတွေ မသိအောင် ပိုက်ဆံကို သိမ်းဆည်းထားကြောင်းတွေ့ရှိခဲ့ရပါတယ်။ ဒီလို ပိုက်ဆံဖွက်ထားရခြင်းအကြောင်းတွေမှာ ကိုယ့်မိဘ၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ အတွေ့အကြုံတွေကို မြင်ပြီး ကိုယ့်အတွက် အရံအတား တစ်ခုအနေနဲ့ ပိုက်ဆံကို ဖွက်ထားတတ်သူတွေ များပါတယ်။ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်လို့ ကွဲကွာကြတဲ့အခါ ငွေကြေးအပို စုဆောင်းထားခြင်းမရှိတဲ့ သူတွေမှာ အခက်အခဲကြုံရတာ များတာကို သင်ခန်းစာယူမိကြတာဖြစ်တတ်ပါတယ်။ ပိုက်ဆံကို ဖွက်ထားခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့-

-ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် သုံးစွဲဖို့

-အိမ်ထောင်ရေး အဆင်မပြေလို့ လမ်းခွဲကြတဲ့အခါ ကိုယ်ပိုင် ပိုက်ဆံရှိနေစေဖို့

-ကိုယ့်ရဲ့ လောင်းကစားအကျင့်လို အိမ်ထောင်ရေးဖောက်ပြန်မှုလို မကောင်းတဲ့အကျင့်တွေအတွက် အသုံးချနိုင်ဖို့ စတာတွေပဲဖြစ်ပါတယ်။   

ဒါပေမဲ့ ကိုယ့်ဇနီး/ခင်ပွန်း မသိအောင် ပိုက်ဆံသိမ်းထားမယ်ဆိုရင် အရင်ဆုံးစဉ်းစားသင့်တာက ဒီအကြောင်းအရာကို သိသွားတဲ့အခါ မိမိတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လို ထိခိုက်စေမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သံသယတွေ ဝင်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံးစဉ်းစားရမယ့် အကြောင်းတွေက

-သူမသိအောင် ပိုက်ဆံသိမ်းထားမယ့် အကြောင်းရင်း

-ကိုယ်လိမ်ညာထားတဲ့အတွက် ကိုယ်ချစ်တဲ့သူ ဘယ်လိုခံစားရမလဲဆိုတဲ့ အချက်

-သူနဲ့ကိုယ့်ကြားမှာ တည်ဆောက်ထားခဲ့တဲ့ ရိုးသားမှု

-ကိုယ့်အနာဂတ်ဘဝလမ်းကြောင်း စတာတွေကို သေသေချာချာ ချင့်ချိန်ပြီးမှ ကိုယ့်အိမ်ထောင်ဖက် မသိအောင် ပိုက်ဆံကို ဖွက်ထားသင့်ရဲ့လားလို့ စဉ်းစားစေချင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top