iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ခါတစ်ရံမှာ ကိုယ့်ကို တကယ်မေတ္တာစစ်နဲ့ ချစ်လို့မဟုတ်ဘဲ ကိုယ့်ဆီက ရယူလိုမှုတစ်ခုအတွက်ပဲ ချဉ်းကပ်လာတဲ့ ပိုင်းလုံးလို့ ခေါ်တဲ့ လူတန်းစားတစ်ရပ် ရှိပါတယ်။သူတို့က ကိုယ့်ကိုယ် ဆွဲဆောင်နိုင်ဖို့ ကိုယ်သဘောကျမဲ့ စကားလုံးချိုချိုလေးတွေကို ပြောတတ်တယ်။ ဒါပေမဲ့ သူတို့က ကိုယ့်ရဲ့နှလုံးသားထက် ကိုယ့်ရဲ့ ဘဏ်စာရင်းထဲက ပိုက်ဆံတွေကို ပိုပြီး စိတ်ဝင်စားတဲ့သူတွေဖြစ်တဲ့အတွက် ရှောင်ကြဉ်နိုင်ဖို့ သိထားရမယ့် အချက်ကလေးတွေရှိပါတယ်။

 ကိုယ့်ဘက်က အပေးချည်းပဲ ဖြစ်နေမယ်
ချစ်ရတဲ့သူနှစ်ယောက်မှာ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရတယ်ဆိုပေမဲ့ ကိုယ်နဲ့မသက်ဆိုင်တဲ့ အကြောင်းအရာတွေအတွက်ပါ ကိုယ့်ကို အသိပေးပြီး ညည်းပြနေရင်၊ လိုအပ်တာမှန်သမျှ တောင်းဆိုနေတဲ့သူဆိုရင်တော့ သတိပြုသင့်ပါတယ်။

ဈေးကြီးတဲ့ အရာတွေကိုမှ ကြိုက်တတ်လာတာ
သူတို့အရင်က သုံးနေကျ ပုံစံမဟုတ်ဘဲ ကိုယ်နဲ့တွေ့တဲ့အခါမှာ ထီဆုကြီးပေါက်လိုက်သလို၊ ရုတ်တရက် အမွေတွေအများကြီးရလိုက်သလို အဖိုးတန်တဲ့အရာတွေကိုပဲ စိတ်ဝင်စားကြောင်းပြနေပြီဆိုရင် သူက ကိုယ့်ဆီက အချစ်ကို မျှော်လင့်တာမဟုတ်ဘဲ ကိုယ့်ဆီက ရလာမယ့် တခြားအရာတစ်ခုကိုသာ စိတ်ဝင်စားတယ်ဆိုတာ သေချာပါတယ်။

အလုပ်အကိုင်မရှိတဲ့သူတွေဖြစ်တယ်
ကိုယ်နဲ့သူနဲ့ ချစ်ကြိုက်ပြီး မကြာခင်မှာပဲ သူက အလုပ်ကနေထွက်လိုက်တယ်။သူတို့ အလုပ်မှာ အဆင်မပြေလို့၊သူဌေးနဲ့ အဆင်မပြေလို့ စတဲ့အကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။သူတို့ အလုပ်ထွက်လိုက်ရခြင်း အကြောင်းရင်းကတော့ သူတို့တွဲနေတဲ့သူက သူတို့ကို ဘာအလုပ်မှ လုပ်စရာမလိုဘဲ လစာပေးနိုင်တဲ့သူတွေ ဖြစ်တယ်လို့ ယုံကြည်နေလိုပဲ ဖြစ်ပါတယ်။

ပိုက်ဆံပေးဖို့တောင်းဆိုလာတာ
အကြောင်းပြချက်အမျိုးမျိုးပေးပြီး ပိုက်ဆံတောင်းပြီဆိုရင် ကိုယ့်ကို အချိန်မရွေးထုတ်ယူနိုင်တဲ့ ငွေထုတ်စက်တစ်ခုလို သဘောထားနေတယ်ဆိုတာကို ပြတာပါ။သူတို့ရဲ့ကားပြင်ဖို့၊ဆေးခန်းပြဖို့၊သူငယ်ချင်းတစ်ယောက်နဲ့ အလုပ်စပ်တူလုပ်မလို့ စတာတွေပြောပြီး ငွေတောင်းလာရင်တော့  ဒီလိုအချစ်ရေးမျိုးကို ရှေ့ဆက်ဖို့အတွက် ဆင်ခြင်သုံးသပ်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top