iMyanmarHouse.com - Best Property Website for Myanmar
×

လူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖွဲ့စည်းပုံတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒီတစ်ခါ သင့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လျှာက သင်ဘယ်လိုလူမျိုး ဖြစ်တယ်ဆိုတာ ပြောပြပေးသွားဦးမှာပါ။ သင့်လျှာ ပုံသဏ္ဍာန်က သင်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ သေချာပြောပြပေးနိုင်ပါတယ်။


၁။ သင့်လျှာဟာ ပုံမှာပြထားသလို နည်းနည်းဝိုင်းနေမယ်ဆိုရင်

သင်ဟာ ဖြစ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်တတ်သူပါ။ ဒါ့အပြင် လုပ်ဆောင်မှုအသစ်တွေကိုလည်း သင်ဟာ ကြိုးစားလုပ်ဆောင်ချင်စိတ်ရှိပြီး သင့်ဘေးပတ်ပတ်လည်မှာ လူတွေရှိနေတာမျိုးကို ပျော်ရွှင်တတ်သူပေါ့။ သင်ဟာ ဘ၀မှာ  ပျော်ပျော်နေတတ်ပြီး၊ နေ့ရက်တွေကိုလည်း အေးချမ်းစွာ ဖြတ်သန်းချင်သူလို့ ပြောနိုင်ပါတယ်။

၂။ သင့်လျှာဟာ ပုံမှာပြထားသလို နည်းနည်းချွန်နေမယ်ဆိုရင်

သင်ဟာ ကိုယ်ဘာလိုချင်သလဲဆိုတာကို တိတိကျကျ သိရှိသူဖြစ်ပြီး အမှန်တရားကို ပြောဖို့ဘယ်တော့မှ တွန့်ဆုတ် မနေတတ်သူပါ။ သင်လုပ်ဆောင်မယ့်လမ်းကြောင်းမှာ ကိစ္စတစ်ခုခုရှုပ်ထွေးလာတာ၊ လူတစ်ယောက်က ပြသနာလာရှာေ နတာမျိုး သင်အရမ်း မုန်းပါတယ်။ တစ်ခါတစ်လေ သင်ဟာ စိတ်ထဲမှာဖြစ်လာတာကို မစဉ်းစားပဲ ပြောချပစ်လိုက်တာမျိုးတွေလည်း  ရှိပါတယ်။ ဒါဟာ တစ်ဖက်လူကို စိတိမကောင်း ဖြစ်သွားစေတတ်တာမို့ ဒီအချက်ကို သတိထားဖို့တော့ လိုပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ဘေးနားက လူအားလုံးကို သစ္စာရှိပြီး လေးလေးစားစားနဲ့အမြဲ ဆက်ဆံတတ်သူပါ။

၃။ သင့်လျှာဟာ ပုံမှာပြထားသလို အလယ်အချိုင့်လေးနဲ့ ဖြစ်နေမယ်ဆိုရင်

သင်ဟာ သူများနဲ့အမြဲ ကွဲပြားခြားနားမှုရှိပြီး ထူးခြားသူပါ။ သင့်ရဲ့ ထူးခြားတဲ့ စိတ်ကူးဖန်တီးမှုတွေကို လူတွေ အမြဲလေးစား အားကျရပါတယ်။ သင်ဟာ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့ အပြင်သွားရတာ၊ အတူရှိရတာ ဘယ်လောက်ကြိုက်ကြိုက် သင်တစ်ယောက်တည်း ရှိတဲ့အချိန်ကိုတော့ ကျန်တဲ့အရာတွေထက် ပိုတန်ဖိုးထားတတ်ပါတယ်။

 Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top