iMyanmarHouse.com - Best Property Website for Myanmar
×

ခြောက်ပစ်ကင်းတဲ့ အချစ်ကို တွေ့ရခဲပါတယ်။ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းဖို့ အကြုံပြုချက်တွေအနေနဲ့ ကျွန်တော်တို့ အမြဲကြားနေရတဲ့ မေးခွန်းတစ်ခုကတော့ "ကျွန်တော်တို့ရဲ့အိမ်ထောင်ရေး ဆက်ဆံမှု ကို ဘယ်လိုဖန်တီးကြမလဲ"။ အဖြေကတော့ သပွတ်အူလို ရှုပ်ထွေးရှည်လျားလှပါပေတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေး ဆက်ဆံမှု ရရှိပိုင်ဆိုင်ရန် အတွက် စစ်မှန်တဲ့ အကြံပြုချက် ၁၂ ခုကို ကျွန်တော်တို့ဖော်ပြလိုက်ပါတယ်။

၁။ ယဉ်ကျေးဖွယ်ရာ ပြုမူပါ -  "တစ်ဆိတ်လောက်ပါရှင့်"၊"ကျေးဇူးတင်ပါတယ်"၊"ရပါတယ်ရှင့်" စတဲ့စကားလုံးတွေက ခင်ဗျားရဲ့ခင်ပွန်း အပေါ်ထားတဲ့ ခင်ဗျားရဲ့ချစ်ခင်လေးစားမှုတွေကို သူသတိထားလာအောင် စွမ်းဆောင်ပေးတဲ့ စကားလုံးတွေဖြစ်တယ်။

၂။ ဘဝဆိုတာ ဆန်းကြယ်တယ် - ရိုးအီမှုတွေဟာ အိမ်ထောင်ရေးဆက်ဆံမှုမှာ စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ လေ့လာမှုတွေက ပြသနေပါတယ်။ မရောက်ဖူးသေးတဲ့ စားသောက်ဆိုင် ဒါမှမဟုတ် သီရိလင်္ကာနိုင်ငံလိုမျိုး ဆန်းကြယ်တဲ့ ခရီးများသွားပြီး အသစ်အဆန်းတွေကို ရှာဖွေကြည့်ပါ။ ခရီးအတူ သွားတာက ခင်ဗျားတို့နှစ်ယောက် ပိုမိုရင်းနှီးမှုကို ဖြစ်စေပါတယ်။

၃။ တူစုံမြူးတဲ့ ဇနီးမောင်နှံ - (တီဗီကြည့်တာမျိုးမဟုတ်ပဲ) နှစ်ယောက်လုံးနှစ်သက်တဲ့ အားကစား ဒါမှမဟုတ် ဝါသနာတစ်ခုကို ရှာဖွေပြီး အိမ်ထောင်ရေး ဆက်ဆံမှုမှာ ဦးစားပေးလုပ်ဆောင်ပါ။ ခရီးသွားခြင်း၊ စက်ဘီးစီးခြင်း၊ တခြားယာဉ်စီးသွားခြင်း --- ဘာတွေပဲဖြစ်နေပါစေ အတူနှစ်သက်တဲ့ အရာတစ်ခုခု ကို ရွေးပါ။

၎။ တုန့်ပြန်ပြောဆိုခွင့် - အကျိုးရှိတဲ့ပြောဆိုမှုများ လုပ်ဆောင်ဖို့ ဒီနည်းလမ်းတွေကို စိတ်မှာ စွဲမှတ်ထားပါ။ ဇနီး/ခင်ပွန်း ကို အမည်တတ်ပြီး မခေါ်ပါနဲ့။ အခြေအနေ တကယ်ခက်ထန်နေတဲ့အခါ အသာလေးနားထောင်ပါ။ တဖက်လူစကားကို ဆုံးအောင်ပြောပါစေ။ စိတ်ဆိုးနေတဲ့အခါ မဆွေးနွေးပါနဲ့။

၅။ အပြန်အလှန် ကူညီပါ - ဘယ်သူမှ မတောင်းဆိုချင်ကြဘူး။ ဒါပေမဲ့ ညှိနှိုင်းမှုကိုတော့ လူတိုင်းနှစ်သက်မြတ်နိုးကြပါတယ်။ ခင်ဗျားအတွက် ချစ်သူကို တစ်ခုခုလုပ်ခိုင်းလိုပြီး သဘောတူတာ/မတူတာ မသိရပါက ထိုက်တိုက်ရင်ဆိုင်ငြင်းခုံမှုကို အမြန်ဆုံးရှောင်ရှားနိုင်တဲ့ နည်းကတော့ ချိုသာစွာခိုင်းပါ။ ဥပမာ - တနင်္လာနေ့ညဘောလုံးပွဲကို အချစ်လေးခွင့်ပြုမှ ကိုယ်သွားကြည့်မှာပါ။

၆။ နှစ်ယောက်ပေါင်းစည်းမှုဟာ တစ်ယောက်ထက်ပိုကောင်းတယ် -  အိမ်ထောင်ရေးဆက်နွယ်မှု တစ်ခုတည်ဆောက်လိုက်ခြင်းဟာ တစ်ယောက်နှင့် တစ်ယောက် ပေါင်းစည်းအားဖြည့်လိုက်တာ ဖြစ်တယ်။ ပိုင်ဆိုင်မှုတွေကို မျှဝေခံစားတာသာမက တခြားသူတစ်ယောက်ရဲ့ပြဿနာကိုလည်း မျှဝေခံစားလိုက်တာဖြစ်တယ်။ သူ့ပြဿနာတွေပါလို့ မှတ်ထင်ခြင်းမဟုတ်ပဲ အဲဒါကို အတူတကွဖြေရှင်းခြင်း ဖြစ်တယ်။ ဆိုပါစို့ သူကအဝလွန်နေရင် ကိုယ်အလေးချိန်ကျအောင် အစားလျောစား ခိုင်းနေခြင်းထက် လေ့ကျင့်ခန်းအတူလုပ်တာမျိုး ပေါ့။

၇။ အဝေးနေ တသသ - မိတ်ဆွေသူငယ်များနှင့် အမြဲအဆက်အသွယ်လုပ်ပါ။ ချစ်သူမပါဘဲ သူတို့နှင့် အခါအားလျှော်စွာ အပြင်ထွက်ပါ။ ချစ်သူမပါဘဲ ဒီလိုလုပ်တာဟာ ချစ်သူကို ပိုမိုသတိရတမ်းတစေပြီး သဘဝကျကျဖြစ်စေပါတယ်။ ဆက်ဆံရေးမပြေပြစ်ရင်တောင်မှ မိတ်ဆွေသူငယ်ချင်းတွေ ဆက်လက်ရှိနေအုံးမှာပါ။

၈။ ဆက်သွယ်ပြောဆိုပါ - တနည်းပြောရရင် ပေါင်းသင်းဆက်ဆံပြောဆိုရမယ်။ ငွေရေးကြေးရေး၊ ဘာသာရေး၊ သစ္စာရှိခြင်း၊ ကလေးပြုစု စောင့်ရှောက် ရေး စသည်တို့လို ခက်ခဲ့တဲ့အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုပါ။ အဲဒါတွေပြောဆိုရတာ ခင်ဗျားအတွက် ပျော်ရွှင်စရာမဟုတ်ပေမဲ့ အရေးပါပါ တယ်။

၉။ ပျော်ရွှင်စွာရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်လက်ပါ -  ကလေးဆန်စွာလုပ်ခဲ့တဲ့အမှားတွေကို ကြည့်ပြီး ရယ်တတ်အောင် သင်ယူပါ။ ဒေါ်လာ ၃၀၀ တန် ဆိတ်မွေးဆွယ်တာကို အခြောက်ခံစက်ထဲကို သူထည့်မိပါက စိတ်မဆိုးဘဲ ရယ်မောပြလိုက်ပါ။ စိတ်မဆိုးဘဲ ရယ်မောခြင်းဟာ ရေရှည်မှာ အကျိုးရှိ စေပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒါက ဒေါ်လာ ၃၀၀ တန် ဆိတ်မွေးဆွယ်တာပါ။ ကမ္ဘာကြီးလဲပြိုသွားတာ မဟုတ်ဘူး။

၁၀။  အောင်မြင်မှုအတွက် အာရုံစိုက်ပါ - ဟုတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ရဲ့နာမည်ကို အကြိမ် ၁၀ မေ့နေခြင်းဟာ ခင်ဗျားကို သူဂရုမစိုက်တာ မဟုတ်ပါ ဘူး။ မျှော်လင့်ချက်ပန်းတိုင်ကိုသာ စွဲစွဲမြဲမြဲကြည့်တတ်ပါက—ပျော်ရွှင်မှုရရှိပြီး အဆင်ပြေတဲ့စီးပွားဖက်တစ်ဦး ဖြစ်လာမှာပါ။— အသေးအဖွဲ့ကိစ္စလေးတွေ နှင့် စိတ်ဆိုးတော့မှာ မဟုတ်ပါ။ ခင်ဗျားလိုချင်သလို သူလည်း လိုချင်တယ်ဆိုတဲ့အချက်ကို မှတ်ထားပါ။

၁၁။ ပေါင်းလိုက် ကွဲလိုက်လုပ်နေရင်တော့ ဘယ်တော့မှမအောင်မြင်ဘူး - ဘယ်လိုအခြေအနေမျိုးမှာမဆို ထုံးတမ်းအစဉ်လာအရ လုပ်ဆောင်မှုကို ဆက်လက်လုပ်ဆောင်ပါ။ တစ်ယောက်နှင့်တစ်ယောက်အဆင်ပြေနေတဲ့အချိန်ဘဲဖြစ်ဖြစ်၊ နှစ်စဉ်နှစ်တိုင်း ထိမ်းမြားခြင်းဂတိသစ္စာစကား ထပ်ပြီးပြုနေတဲ့ အချိန်ဘဲဖြစ်ဖြစ် နှစ်ယောက်လုံးနှစ်သက်တဲ့အရာတစ်ခုကို ရွေးပြီး အင်တိုက်အားတိုက်လုပ်ဆောင်ပါ။

၁၂။ လက်ရှိလုပ်နေတဲ့အရာတွေ ခက်ထန်လာတဲ့အခါ တိုင်ပင်ကုသပါ - ခက်ခဲကြမ်းတမ်းတဲ့ကာလမျိုးမှာ အကြံဥာဏ်ရယူနေသော ဇနီးမောင်နှံတွေဟာ အကြံဥာဏ်မယူတဲ့စုံတွဲထက် အဆင်ပြေအောင်မြင်တယ်လို့ လေ့လာမှုတွေက ပြသနေပါတယ်။ ဘာသာရေး ဆရာတွေနှင့်ပဲဖြစ်ဖြစ်၊ အကြံပေးပုဂ္ဂိုလ်နှင့် ပဲဖြစ်ဖြစ်၊ စိတ်ရောဂါကုကျွမ်းကျင်သူပဲဖြစ်ဖြစ်၊ ပြဿနာဖြေရှင်းဖို့ ရှာဖွေခြင်းဟာ ပညာရှိရှိကိုယ့်ကိုကိုယ်ပြုပြင်ခြင်းဖြစ်တယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top