iMyanmarHouse.com - Best Property Website for Myanmar
×

American Osteopathic Association ရဲ့ ပြောဆိုချက်အရ အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်က အနည်းဆုံး တစ်ပတ် သုံးရက် ဒေါက်မြင့်ဖိနပ် စီးကြတယ်လို့ သိရပါတယ်။ ပိုဆိုးစေတာက ဒေါက်မြင့်ဖိနပ်စီးနေစဉ် သုံးယောက်မှာ တစ်ယောက်က မှောက်လျက်လဲတတ်ကြပါတယ်တဲ့။ သို့မဟုတ် အချိန်ကြာကြာစီးခြင်းရဲ့ ရလဒ်တစ်ခုအဖြစ် အမြဲတမ်း ဒုက္ခခံစားကြပါတယ်။

မိမိအကြိုက်ဆုံး ရှူးဖိနပ်တစ်ရံ အန္တရာယ်မပြုနိုင်သည့်တိုင် ခန္ဓာကိုယ်ကို ပိုဒုက္ခရောက်စေနိုင်ပြီး ကျွမ်းထိုးမှောက်ခုံကျမှုတွေ ဖြစ်စေနိုင်ပါတယ်။

၁။ ခြေသည်းများ ပျက်စီးခြင်း
ဒေါက်မြင့်ဖိနပ်က ခြေသည်းညပ်ဝင်မှု ဖြစ်ပွားစေပါတယ်။ ဒီလိုဖြစ်တာ ခြေစွယ်များ ဖိထားခံရကာ ခြေမခြေသည်းကို အရေပြားထဲသို့ စိုက်ဝင်စေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါက မှိုစွဲခြင်းလည်း ဖြစ်ပွားစေနိုင်ပါသေးတယ်။

၂။ အနာစိမ်း ပိုဆိုးစေခြင်း
တကယ်လို့ အနာစိမ်းတွေ ရှိနေတယ်ဆိုရင် သင့်ဒေါက်မြင့်ဖိနပ်က ပိုဆိုးစေတတ်ပါတယ်။ ဒီလိုရှူးဖိနပ်မျိုးက ကိုယ်အလေးချိန်ကို ရှေ့သို့ ထိုးကျစေကာ ရှူးဖိနပ်ရှေ့ဘက်သို့ ခြေချောင်းများ အတင်း ထိုးဝင်စေခြင်းကြောင့် ပြသနာကို ပိုမိုဆိုးရွားစေပါတယ်။

၃။ ဒူးဆစ်နဲ့ တင်ပါး နာကျင်မှု ပိုမိုဖြစ်ပွားစေ
ဒေါက်မြင့်ဖိနပ်နဲ့ လမ်းလျှောက်ခြင်းက ကိုယ်အလေးချိန်ကို ဒူးဆစ်မှာ ပိုမိုကျရောက်စေပါတယ်။ ဒါ့ကြောင့် အမျိုးသမီးများ ရှူးဖိနပ်ဖြင့် လမ်းလျှောက်နေစဉ် ဒူးဆစ်များ တိမ်းညွတ်လေ့ရှိကြပါတယ်။ ဒါက အရိုးအဆစ်များ အက်ကွဲစေတတ်ပြီး အချိန်ကြာကြာစီးခြင်းဖြင့် အက်ကွဲခြင်းနဲ့ အာရုံကြော ပိတ်ဆို့မှုတွေ ဖြစ်စေနိုင်ပါတယ်။

၎။ အရိုးအဆစ်ရောင်ရမ်းနာ အန္တရာယ်ပိုများခြင်း
သုံးလက်မခွဲ သို့မဟုတ် ဒီထက်ပိုမြင့်တဲ့ ဒေါက်မြင့်ဖိနပ်စီးခြင်းက တစ်သက်လုံး အရိုးအဆစ်ရောင် ရမ်းနာရောဂါပြသနာ အဖြစ်များစေနိုင်ပြီး အမျိုးသမီးများ မသန်စွမ်းမှု ဖြစ်စေတတ်ပါတယ်။ ရှူးဖိနပ်ပိုမြင့်လေ အန္တရာယ်ပိုများလေ ဖြစ်ပါတယ်။

၅။ ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ အကြောဆွဲခြင်း
အချိန်ကြာမြင့်စွာ ဒေါက်မြင့်ဖိနပ်စီးခြင်းက ခြေသလုံးနဲ့ ကြောပြင်ကြွက်သား နာကျင်ကိုက်ခဲမှု ဖြစ်စေနိုင်ကြောင်း American Osteopathic Association ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ရှူးဖိနပ်စီးပြီးနောက် အမျိုးသမီး အများစု ခြေသလုံးကြွက်တက်ခြင်း တွေ့ကြုံခံစားကြပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top