iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်ချစ်သူဆီက အမြင့်မားဆုံးသော ဂရုစိုက်မှုတွေ ၊
သူများထက်သာတဲ့ ချစ်ခြင်းတရားတွေ ၊ ယုယမှုတွေကို လိုလားတောင့်တကြပါတယ်။
သူများနဲ့ ယှဉ်ရင် ကိုယ့်ချစ်သူက ကိုယ့်အပေါ်အကောင်းဆုံးဆိုတာကိုပဲ လိုချင်ကြတာများပါတယ်။

ဒါပေမယ့် ယောကျာ်းတစ်ယောက်နဲ့တစ်ယောက် ဖြည့်ဆည်းနိုင်တာခြင်း မတူကြပါဘူး။ ရပ်တည်မှုခြင်း ၊ အလုပ်ကိုင် ၊ စိတ်ဓါတ် ၊ကျင်လည်ရာ ပတ်ဝန်းကျင် အစရှိသဖြင့် မတူညီကြပါဘူး။

ကိုယ့်ကတော့ ကိုယ့်ပေတံနဲ့ ကိုက်ညီသလောက် မတောင်းပဲ သူများပေတံ သူများရနေတာကြည့်ပြီး တောင်းနေရင်တော့ အဆင်မပြေတော့ပါဘူး။
ကိုယ်ချည်းလိုချင်မှုတွေရှိနေပြီး ကိုယ်ကတော့ ပြန်လည်ဂရုတစိုက် တယုတယမရှိရင် တစ်ဘက်ကလည်း စိတ်ကုန်မှုတွေရှိလာမှာပါပဲ။

အချစ်မှာ အပေးအယူမရှိဘူးလို့ ပြောကြတာရှိပါတယ်။
တကယ်တော့ အချစ်ပေးမှ အချစ်ပြန်ရတတ်တာ ချစ်သူတွေတော်တော်များများ သိကြပါတယ်။

Credit : မာရင်ရင်

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top