iMyanmarHouse.com - Best Property Website for Myanmar
×

လာမယ့်မတ်လနဲ့ ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့မြို့အများစုမှာ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းတွေ မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။

ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မိရင် နေလောင်တာတွေ၊ အသားအရောင်ညိုလာတွေဖြစ်လာပြီး ကြာရှည်ထိတွေ့ရင် မျက်စိတိမ်စွဲတာတွေ ဖြစ်လာနိုင်တဲ့အပြင် အရေပြားတွေအိုမင်း ရင့်ရော်တာတွေ၊ ကိုယ်ခံအားကျဆင်းတာတွေနဲ့ အရေပြားကင်ဆာတွေ ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို တင်ပြလိုက်ပါတယ်။

၁။ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရင် အသားကိုနေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင်ကာကွယ်ပါ။

၂။နေရောင်ခြည်အောက်ကို သွားရရင်လည်း မျက်နှာ၊ လည်ပင်း၊ ပခုံးတို့ကို လုံခြုံစေမယ့် အကာအကွယ်တွေ ၀တ်ဆင်သွားပါ။

၃။အ၀တ်အကာအကွယ် လွတ်ကင်းနေတဲ့နေရာတွေကို ကိုသနပ်ခါးထူထူ(သို့ ) SPF 15 + ပါဝင်တဲ့ နေရောင်ခံလိမ်းဆေး ကရင်မ်ကို လိမ်းသွားပါ။

၎။ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ဖို့ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်တဲ့ အရောင်ရင့်တဲ့ အ၀တ်အထည်တွေကိုဝတ်ပါ။

၅။ခရမ်းလွန်ရောင်ခြည်ကြောင့်မျက်စိထိခိုက်နိုင်လို့ အလှအပ သက်သက်ထုတ်ထားတဲ့ နေကာမျက်မှန်တွေထက် ခရမ်းလွန်ရောင်ခြည်ကို  ၉၉ ရာခိုင်နူန်းကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်ကိုပဲ ရွေးချယ်အသုံးပြုပါ။

၆။ကလေးငယ်တွေဟာ လူကြီးတွေထက် ခရမ်းလွန်ရောင်ခြည်ကြောင့်  ထိခိုက်မှုအန္တရာယ်ကိုပိုမိုခံစားရတာကြောင့် အသက်တစ်နှစ်အောက်ငယ်တဲ့ ကလေးငယ်တွေကိုနေပူထဲ မခေါ်သင့်ပါဘူး။

၇။မဖြစ်မနေ နေပူထဲထွက်ရမယ်ဆိုရင်တော့ နေရောင်ခြည်ကို ကာကွယ်နိုင်တဲ့ အဝတ်အစားတွေကို ၀တ်ဆင်ပေးပါ။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top