iMyanmarHouse.com - Best Property Website for Myanmar
×

ကျန်းမာပျော်ရွှင်ပြီး အလုပ်အောင်မြင်ပြီးစီးအောင် လုပ်နိုင်တဲ့ တစ်နေ့တာကို ပိုင်ဆိုင်ဖို့အတွက် မနက်ခင်းတွေဟာ အရေးကြီးပါတယ်။ အိပ်ယာထချိန်ကစလို့ သင့်ရဲ့အပြုအမူ၊ အလေ့အထတွေဟာ သင့်ရဲ့တစ်နေ့တာကို ရိုက်ခတ်စေနိုင်တယ်ဆိုတာ သတိရပါ။

မနက်ခင်းမှာ သင်သတိမထားမိလိုက်ဘဲ လုပ်နေတဲ့ အလေ့အထတစ်ချို့ဟာ သင့်ရဲ့တစ်နေ့တာကို ပျက်စီးစေတတ်ပါတယ်။ မနက်ခင်းမှာမလုပ်သင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ အီးမေးလ်စစ်ခြင်း
မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နက် အိပ်ယာထဲကတောင်မထဘဲ အီးမေးလ်စစ်တာဟာ မကောင်းပါဘူး။ သင့်ရဲ့တစ်နေ့တာကို စိတ်ဖိစီးမှုနဲ့ စလိုက်တာပါပဲ။ အနည်းဆုံး မျက်နှာသစ်ပြီးမှ စစ်ပါ။

၂။ အိပ်ယာထဖို့ ပျင်းခြင်း
ဖြစ်နိုင်ရင်စောစောထ လမ်းလျှောက်ထွက်၊ လေ့ကျင့်ခန်းလုပ်တာ အကောင်းဆုံးပါပဲ။ ဒီလိုမလုပ်နိုင်ရင်တောင် အိပ်ယာထဲ လူးလိမ့်မနေပါနဲ့။ နောက်မှ လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့ အတွေးက သင့်ကို ပိုပြီး စိတ်ဖိစီးစေပါတယ်။

၃။ ရေနွေးနဲ့ရေချိုးခြင်း
ရေနွေးနဲ့ ရေချိုးတာဟာ ကောင်းပါတယ်။ ဒါပေမဲ့ မနက်ခင်းမှာ ချိုးတာဟာ မကောင်းပါဘူး။ ရေနွေးနဲ့ ချိုးတဲ့အခါ အကြောတွေပြေသွားပြီး သင့်ရဲ့ခန္ဓာကိုယ်ကို လေးလံသွားစေပါတယ်။ ညနေမှသာ ဒီလိုချိုးပါ။

၎။ မနက်စာ ဖြစ်သလိုစားခြင်း
မနက်စာကို ကိတ်မုန့်တစ်ခု ကော်ဖီတစ်ခွက်လောက်နဲ့ ပြီးတာမျိုးဟာ တစ်နေ့လုံးအတွက် မကောင်းပါဘူး။ မနက်ပိုင်းမှာ အာဟာရပါတာ များများစားပါ။ မနက်ပိုင်းမှာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစာမျိုး ပိုတောင် စားသင့်ပါသေးတယ်။

၅။ မနက်စာစားပြီး သွားတိုက်ခြင်း
သွားတိုက်တာနဲ့ ဘာဆိုင်လို့လဲလို့ တွေးနေမယ်ထင်ပါတယ်။ မနက်စာစားပြီး ပါးစပ်က အနံ့ထွက်နေတာမျိုး ဘယ်သူမှတော့မလိုချင်ပါဘူး။ ဒါပေမဲ့ သစ်သီး၊ ကော်ဖီ စတာတွေနဲ့ သွားတိုက်ဆေးပေါင်းပြီး သင့်ရဲ့သွားက ကြွေတွေကို ပျက်စီးစေပါတယ်။ မနက်စာစားပြီး သွားမတိုက်ဘဲ ရေသောက်တာဟာ သင့်တော်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top