iMyanmarHouse.com - Best Property Website for Myanmar
×

စမတ်ကျသူတို့သည် စမတ်မကျသော သာမန်လူများနဲ့ ပေါင်းသင်း ဆက်ဆံနေရခြင်းထက် တစ်ကိုယ်တည်း နေရခြင်းကို ပိုနှစ်သက် ပျော်ရွှင်သူများ ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။

 ဉာဏ်ရည်မြင့်သူ တို့ကား ဉာဏ်ရည်နိမ့်သူ၊ အမြင်ကျဉ်း သူတို့နှင့် များများပေါင်းသင်း ရလေ ကုန်သွား ရသော အချိန်များကို နှမြောမိကာ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်ရလေ ဖြစ်သောကြောင့် တစ်ကိုယ်တည်း အကျိုးရှိစွာ အချိန်ကုန်ရခြင်း ကိုသာ ပိုနှစ်သက် ကြသည်ဟု လေ့လာမှု စစ်တမ်းက ဆိုလိုက်သည်။

မိတ်ဆွေ အပေါင်းအသင်း ပိုများလာတိုင်း ပိုပျော်ရွှင်ရသည် ဟူသော အယူအဆသည် အခါခပ်သိမ်း မမှန်နိုင်ကြောင်း၊ လူအပေါ် မူတည် သေးကြောင်းဖြင့် လေ့လာ သုတေသနပြု ခဲ့သော ဆင့်ကဲ ဖွံ့ဖြိုးမှု ဆိုင်ရာ စိတ်ပညာရှင် နှစ်ဦးက ဆိုလိုက်သည်။ လန်ဒန် စီးပွားရေး သင်တန်းကျောင်းမှ ဆာတိုရှီကာနာဇာဝါနှင့် စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်မှ နော်မန်လီတို့ နှစ်ဦး ပူးပေါင်း စစ်တမ်းပြုစု ထားခြင်း ဖြစ်သည်။

အသက်(၁၈)မှ (၂၈)နှစ်ကြား လူငယ် လူလတ်များ၏ နေထိုင်မှု ပုံစံနှင့် ဘ၀ ပျော်ရွှင်နှုန်း များကို စစ်တမ်းကောက် လေ့လာ ကြည့်ထားခြင်း ဖြစ်သည်။ ထိုသူများ နေထိုင်ရာ ဒေသများ၏ လူနေမှု သိပ်သည်းနှုန်း၊ အခြားလူများနှင့် ဆက်ဆံနှုန်း များကိုလည်း ထည့်တွက်သည်။

 ကြိုတင် ခန့်မှန်းထားသည့် အတိုင်းပင် လူနေ သိပ်သည်းသော မြို့ပြ များတွင် နေထိုင်သူ တို့သည် ယေဘု ယျအားဖြင့် ဘ၀အပေါ် ကျေနပ် ပျော်ရွှင်နှုန်း အနည်းဆုံး ဖြစ်ကြောင်း တွေ့ရှိခဲ့ ရသည်။ ဉာဏ်ရည် မြင့်မားသူ စဉ်းစားတွေးခေါ်ရတာ နှစ်သက်သူ များသည် မိတ်ဆွေ အပေါင်းအသင်းများ လာလေ၊ လူအများနဲ့ ဆက်ဆံရနှုန်းများ လာလေ ဘ၀အပေါ် စိတ်ကျေနပ် ပျော်ရွှင်နှုန်း ကျဆင်း သွားလေ ဖြစ်ကြောင်းလည်း လေ့လာ တွေ့ရှိခဲ့သည်။

  ကျေးလက် သို့မဟုတ် မြို့ငယ် လေးများတွင် နေထိုင်သူ တို့သည် ကိုယ့်ဘ၀ကိုယ် ကျေနပ် ပျော်ရွှင်နှုန်း ပိုမြင့်မားကြောင်းလည်း သဘောထား စစ်တမ်းက ဖော်ပြသည်။ ဉာဏ်ရည်ကို လိုက်ပြီး ခွဲခြား ကြည့်သည့် အခါတွင်ကား မြို့ပြတွင်ရော ကျေးလက်နယ်မြို့များ တွင်ပါ ဉာဏ်ရည်မြင့်သူ တို့သည် လူများ များနှင့် ပေါင်းသင်း ဆက်ဆံရခြင်း၊ လူနေ ကျပ်သိပ်ခြင်းမျိုး ကြုံရပါက ဘ၀ ကျေနပ် ပျော်ရွှင်နှုန်း ကျဆင်းသွား ကြကြောင်းလည်း စစ်တမ်းက ထောက်ပြသည်။ စစ်တမ်းရလဒ် များကို British Journal of Psychology  ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။

Credit:Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top