iMyanmarHouse.com - Best Property Website for Myanmar
×

ပန်းဂေါ်ဖီစိမ်းကို တစ်ပတ် သုံးကြိမ်ကနေ ငါးကြိမ်ထိ စားပေးခြင်းဟာ အသည်းကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးနိုင်တယ်လို့ လေ့လာမှုသစ်တစ်ရပ်က တွေ့ရှိခဲ့ပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရ သုတေသနကို အီလီနွိုက်တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အသည်းရဲ့လုပ်ဆောင်ချက်ကို ထိခိုက်ကာ အသည်းကင်ဆာကို ဖြစ်စေတဲ့ အသည်းအဆီဖုံးမှုကို တိုက်ဖျက်ရာမှာ အကူအညီဖြစ်စေတယ်လို့ ဆိုပါတယ်။ ယခင်ကတည်းက ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာတွေကို ကာကွယ်စေနိုင်တယ်လို့ ဆိုနေကြပေမဲ့ အခုလိုမျိုး အသည်းကင်ဆာတစ်ခုတည်းကိုပဲ လေ့လာသူမရှိဘူးလို့ သုတေသနကို ပြုလုပ်ခဲ့သူ အဲလိဇက်ဂျက်ဖာရီက ပြောကြားထားပါတယ်။

carcinogen ဆိုတဲ့ ပစ္စည်းဟာ အသည်းကင်ဆာကိုဖြစ်စေတယ်လို့ သိကြပြီး အဆိုပါ carcinogen  ရှိနေတဲ့ ကြွက်တွေကို ပန်းဂေါ်ဖီစိမ်းကျွေးကာ သုတေသနက စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top