iMyanmarHouse.com - Best Property Website for Myanmar
×

ရန်ကုန်အင်တာနေရှင်နယ် ကျောင်းမှာ (၁၁) တန်း ပညာသင်ယူနေတဲ့ ယွန်းဝတီလွင်မိုးက ပြည်ပနိုင်ငံတစ်ခုမှာ ကျောင်းသွားတက်ဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မကြာသေးမီက အွန်လိုင်းပေါ်မှာ ချစ်သူရသွားပြီဆိုပြီး ဓာတ်ပုံတွေ တွေ့ခဲ့ရတဲ့ ယွန်းဝတီလွင်မိုးရဲ့ အချစ်ရေးကလည်း "အချစ်အကြောင်းပြောရင် ဖေဖေဆူမလား မသိဘူး။ ဒီအရွယ်မှာ ၁၆-၁၇ ဆိုတာ အရမ်းငယ်ပါသေးတယ်။ ဒါပေမဲ့ ဒီအရွယ်မှာ ချစ်သူဆိုတာ ရှိလာရင်လည်း ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် ကြိုးစားပြီး နှလုံးသား နောက်မလိုက်ဘဲနဲ့ ဦးနှောက်ကိုလည်း ထည့်သုံးပါ"လို့ သူမက ဆိုပါတယ်။

ပညာရေးကို ဦးစားပေး ကြိုးစားဖြစ်နေတဲ့ ယွန်းဝတီလွင်မိုးက အနုပညာဆိုတာ ရင်ထဲမှာ ရှိနေရင် အရွယ်မရွေး သရုပ်ဆောင်လို့ ရနိုင်တယ်လို့ ပြောပါတယ်။

"အခုချိန်မှာတော့ ပညာရေးကို ကြိုးစားချင်တယ်။ ပညာရေးမှာ အောင်မြင်အောင် ၊ ထူးချွန်အောင် ကြိုးစားပြီးရင် ဖေဖေနဲ့အတူတူ အလုပ်လုပ်မယ်။ အဲ့ဒီအချိန်မှာ ပရိသတ်တွေ အားပေးသေးရင် သမီးဘက်ကလည်း အဆင်ပြေရင် အနုပညာအလုပ်ကို ဆက်လုပ်ဖြစ်မှာပါ"လို့ သူမက ဆိုပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top