iMyanmarHouse.com - Best Property Website for Myanmar
×

မနက် ရေသောက်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ အားလုံးမှာ မတူညီကွဲပြားတဲ့ အလေ့အကျင့်တွေ ရှိကြပါတယ်။ တချို့က ကော်ဖီသောက်ချင်ပြီး တချို့ကျပြန်တော့ သူတို့အကြိုက်ဆုံး လက်ဖက်ရည်ကို သောက်ကြပါတယ်။ ဒါပေမယ့် အကောင်းဆုံးက မနက် ရေတစ်ခွက်သောက်ခြင်း ဖြစ်ပါတယ်။  ဒီအလေ့အကျင့်ကို အခုပဲ စတင်လုပ်ဆောင် သင့်ပါတယ်။ လုပ်ရမှာက ရေကို မသောက်ခင် အနည်းငယ်  နွေးပေးရုံလေးသာ ဖြစ်ပါတယ်။ ဒီလိုပဲ အစာခြေချက်မှုအစိတ်အပိုင်းများ နိုးကြားစေပြီး အဆိပ်အတောက်များ သန့်စင်စေဖို့ လှုံ့ဆော်ပေးပါလိ့မ်မယ်။

ရေနွေးနဲ့ သင့်မနက်စတင်သင့်တဲ့ အကြောင်းအရင်းတချို့မှာ
၁။ အစာခြေဖျက်အားကောင်းခြင်း
ဟန်ချက်မညီတဲ့ အစာခြေဖျက်ခြင်းနဲ့ ဆက်စပ်တဲ့ ပြသနာအားလုံး ဖြေရှင်းပါလိမ့်မယ်။ တချိန်တည်းမှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။

၂။ ကိုယ်အလေးချိန်ကျခြင်း
ခန္ဓာကိုယ်အပူချိန် တက်စေပြီး အဲဒီအပူက အစာခြေချက်မှုလုပ်ငန်းကို အားပေးပါတယ်။ ခန္ဓာကိုယ်မှ ကယ်လိုရီတွေပိုမိုလောင်ကျွမ်းစေပြီး ကျောက်ကပ် အကျိုးထွန်းဖြစ်စေပါတယ်။

၃။ အဆိပ်အတောက်များဖယ်ရှားခြင်း
ရေနွေးနွေးလေးတစ်ခွက်က အဆိပ်အတောက်များ လျော့ချစေဖို့ ခန္ဓာကိုယ်ကို လှုံ့ဆော်မှုပေးပါတယ်။ ဆေးဖက်ဝင်ရေနွေးကြမ်းနဲ့ လတ်ဆတ်သော သစ်သီးပျော်ရည်တို့က အစာခြေမှုလုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်စေပါမှာပါ။

၎။ ရာသီလာချိန်ကြွက်တက်ခြင်း
မနက်ရေနွေးတစ်ခွက်က ဝမ်းဗိုက်ကြွက်သားများ ငြိမ်သက်စေပြီး နာကျင်ကိုက်ခဲမှုကို လျော့နည်းစေပါတယ်။ ဆံခြည်မျှင်သွေးကြောထဲ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်ပြီး ကြွက်သားတင်းမာမှု လျော့ကျစေပါတယ်။

၅။ အိုမင်းရင့်ရော်မှု နှေးကွေးစေ
ရေက သဘာဝအဆိပ်အတောက်များဖယ်ရှားမှု လှုံ့ဆော်ဖြစ်ပေါ်စေပြီး အရေပြား တွန့်ရှုံ့ခြင်း ကင်းဝေးစေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top