iMyanmarHouse.com - Best Property Website for Myanmar
×

တစ်နေ့ ကလေးလိုချင်ပြီး ကဖိန်းဓာတ်ကို ပုံမှန်မှီဝဲသောက်သုံးသူတွေအတွက် လေ့လာမှုအသစ်တစ်ခုက ကဖိန်းဓာတ်ပါဝင်တဲ့ ကော်ဖီကို အစောပိုင်း ကိုယ်ဝန်ဆောင်ကာလမှာ ရက်သတ္တပတ်နဲ့ချီပြီး နေ့တိုင်း ၂ ခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးမှာ ကိုယ်ဝန်ပျက်နိုင်ခြေ ပိုများကြောင်း ဖော်ပြထားပါတယ်။

လေ့လာမှုထဲမှာ ကလေးယူဖို့ ကြိုးစားနေတဲ့ စုံတွဲ ၅၀၁ တွဲ ရဲ့ ဘဝနေထိုင်မှုပုံစံတွေကို သုတေသီများ စစ်ဆေးလေ့လာခဲ့ပါတယ်။ လေ့လာမှု အပြီးသတ်တဲ့အချိန်မှာ စုံတွဲ ၃၄၇ တွဲဟာ အောင်မြင်ခဲ့ပြီး ၉၈ တွဲကတော့ ကိုယ်ဝန်ပျက်ခဲ့ပါတယ်။

၃၅ နှစ်ထက် ပိုကြီးတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်နိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် သုတေသီတွေကို အံ့သြစေခဲ့တဲ့ တချို့အချက်တွေမှာတော့ သန္ဓေတည်ခါစအချိန်မှာ ကဖိန်းဓာတ် အများဆုံးသောက်တဲ့ အမျိုးသားမှာ ကိုယ့်အမျိုးသမီး ကိုယ်ဝန်ရအောင် မစွမ်းဆောင်နိုင်ခြင်းနဲ့ အမျိုးသမီးများဟာ ကိုယ်ဝန်ပျက်နိုင်ခြေ ပိုများနေခြင်း ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top