iMyanmarHouse.com - Best Property Website for Myanmar
×

ဓာတုဗေဒပစ္စည်းတွေပါဝင်တဲ့ မိတ်ကပ်တွေကို သုံးရက်မလိမ်းတဲ့အခါမှာ ခန္ဓာကိုယ်ထဲက အန္တရယ်ရှိတဲ့ ဓာတုပစ္စည်းပမာဏဟာ ၄၅ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ Daily Mail ရဲ့ဖော်ပြချက်အရ အဆိုပါ သုသေတနကို ဘာကလေ ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တာဖြစ်ပြီး ဆယ်ကျော်သက် အယောက် ၁၀၀ ကို လေ့လာခဲ့တာဖြစ်ပါတယ်။

မိတ်ကပ်၊ ခေါင်းလျှော်ရည်နဲ့ လိုရှင်းတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ ဟော်မုန်းပျက်ပြားမှုကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ပြီး ဒီလိုဖြစ်ပေါ်ခြင်းဟာ ကင်ဆာနဲ့ အခြားရောဂါတွေ ဖြစ်လာစေနိုင်တယ်လို့လည်း သိရပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေကို အဓိကထားလေ့လာခဲ့ရခြင်းမှာ အဆိုပါအသက်အရွယ် မိန်းကလေးတွေဟာ မိတ်ကပ်ပစ္စည်းတွေ ပိုသုံးတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top