iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းမတစ်ယောက် စကားတွေ တတွတ်တွတ်ပြောနေတဲ့အချိန်ထက် ပိုဆိုးတဲ့ အချိန်တစ်ချိန်ပဲ ရှိပါတယ်။ အဲ့ဒီအချိန်ကတော့ စကားမပြောတဲ့ အချိန်ပဲဖြစ်ပါတယ်။ စကားမပြောဘဲနေခြင်းက မျက်ရည်ကျတာနဲ့ နားပူနားဆာ လုပ်တာတွေလိုပဲ မိန်းမတစ်ယောက်ရဲ့ လက်နက်တိုက်ထဲက အကြီးဆုံး လက်နက်တစ်ခုပဲ ဖြစ်ပါတယ်။ စကားမပြောဘဲနေလို့ ဘာမှမဖြစ်ပါဘူးလို့ မထင်လိုက်ပါနဲ့။ စကားမပြောပေမဲ့ ပြောတာထက် နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေရှိတာကို ယောက်ျားလေးတွေ သိဖို့လိုပါတယ်။ ဒီအဓိပ္ပါယ်တွေကတော့-

ကျွန်မဒေါသကို ကျွန်မဘာသာ မထိန်းရင် မပြောသင့်တာတွေပါ ပြောမိတော့မယ်။
စိတ်တိုစိတ်ဆတ်တဲ့ အမျိုးသမီးတွေအတွက် ရန်ဖြစ်ပြီး ထုတ်ပြောလိုက်ပြီးပေမဲ့ ဒီ့ထက်ပိုဆိုးတဲ့ စကားတွေပြောချင်နေသေးတာကို ကိုယ့်ဘာသာ ထိန်းထားနေရတဲ့ ပုံစံဖြစ်ပါတယ်။

ပျော်နေတဲ့ အချိန်လေးပျက်သွားမှာစိုးလို့ ရှင့်ကို ဘာမှ မပြောတော့ဘူး။
နှစ်ဦးသား ကြည်ကြည်နူးနူး ရှိနေတဲ့အချိန် ယောက်ျားလေးဘက်က အမှားလေးတစ်ခုလုပ်မိလိုက်ပေမဲ့ လျှော့ပေးလိုက်ပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ရှင်တော့ အမှားအကြီးကြီး လုပ်ခဲ့တာပဲ။
အော်ဟစ် ငိုယိုပြီးသွားတဲ့အခါမှာ ယောက်ျားလေးဘက်က ပိုကောင်းမယ့် အကြောင်းပြချက်ပေးနိုင်ဦးမလားလို့ အချိန်ပေးစောင့်ကြည့်တဲ့သဘော ဖြစ်ပါတယ်။

ကျွန်မမပြောဘဲ ရှင့်အသိစိတ်လေးနဲ့ လုပ်ဖို့လိုတယ်လေ။
မိန်းကလေးတွေအနေနဲ့ အသေးအဖွဲလေးတွေကစပြီး  သတိပေးပြောဆိုနေရတာကို စိတ်ကုန်လာတဲ့အတွက် မပြောဘဲသိစေချင်တဲ့ သဘောဖြစ်ပါတယ်။

ဘာမှမပြောချင်လောက်အောင် စိတ်ဓာတ်ကျနေပြီ။
အမျိုးသားကို လုံးဝမကြည့်တော့သလို ရန်ဖြစ်တာလည်း လုံးဝမလုပ်တော့ဘဲ စကားလုံးဝမပြောတော့ဘူးဆိုရင် တော်တော်ကို ခါးသီးတဲ့ ခံစားမှုဖြစ်နေတာကို ပြတာဖြစ်ပါတယ်။

ရှင် အိမ်ရောက်မှ သိမယ်။
မိန်းကလေးတွေအနေနဲ့ လူကြားထဲမှာ ကိုယ့်အမျိုးသားကို အရှက်ခွဲသလိုဖြစ်မှာစိုးတဲ့အတွက် မကျေနပ်ကြောင်း မျက်လုံးနဲ့သာပြပြီး အိမ်ကျမှ ဒီအကြောင်း ဆက်ရှင်းကြမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top