iMyanmarHouse.com - Best Property Website for Myanmar
×

လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူး အများအပြားရရှိနိုင်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကြောင့် အ သက်အရွယ်ကြီးရင့်သူများတွင် ဦးနှောက်အိုမင်းရင့်ရော်မှုကို နှေး ကွေးစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။


အလယ်အလတ်မှ နေ၍ အားသွန်ခွန်စိုက်လုပ်ရသော လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်သူများသည် လေ့ကျင့်ခန်း၊ အနည်းငယ်သာ လုပ်သူများ (သို့မဟုတ်) လေ့ကျင့်ခန်းလုံးဝမလုပ်သူများထက် ဦး နှောက်အိုမင်းရင့်ရော်မှု ပိုနှေးကွေးကြောင်း အမေရိကန်သုတေသီ များ လေ့လာတွေ့ရှိခဲ့သည်။

သုတေသီများက လေ့လာမှုတွင် ပါဝင်သူများအား လေ့ကျင့် ခန်းလုပ်ပုံများကို မေးမြန်းစစ်ဆေးပြီး ၎င်းတို့ကို မှတ်ဉာဏ်စစ်ဆေး မှု ပြုလုပ်ခဲ့သည်။

ငါးနှစ်ကြာပြီးနောက် ၎င်းတို့ကို နောက်ထပ်တစ်ကြိမ်မှတ်ဉာဏ် နှင့် စဉ်းစားတွေးတောနိုင်မှုကို စစ်ဆေးခဲ့ပြီး နှိုင်းယှဉ်လေ့လာခဲ့ခြင်း ဖြစ်သည်။

လေ့ကျင့်ခန်းအနည်းငယ်သာ လုပ်သူများ (သို့မဟုတ်) လုံးဝ မလုပ်သူများ ၉၀ ရာခိုင်နှုန်းနှင့် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်သူ  ၁၀ ရာခိုင်နှုန်း ယခုလေ့လာမှုတွင်ပါဝင်သည်။ လေ့ကျင့်ခန်း အနည်းငယ်သာ လုပ်သည်ဆိုသူများမှာ လမ်းလျှောက်ခြင်း၊ ယောဂ ကျင့်ခြင်းစသည့် လေ့ကျင့်ခန်းမျိုး ပြုလုပ်သူများဖြစ်ပြီး အားသွန်ခွန် စိုက်လေ့ကျင့်ခန်းလုပ်သူများမှာ အေရိုးဗစ်ကစားခြင်းနှင့် ပြေးလွှား ခြင်းကဲ့သို့ လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်သူများဖြစ်သည်။

လေ့ကျင့်ခန်းအနည်းငယ်သာ ပြုလုပ်သူများနှင့် လေ့ကျင့်ခန်း လုံးဝမလုပ်သူများသည် စဉ်းစားတွေးခေါ်မှုနှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ပို၍ကြုံတွေ့ရကြောင်း သုတေသီများက ပြောသည်။

သို့သော်အခြားအန္တရာယ်များဖြစ်သော ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ သွေးတိုးရောဂါရှိခြင်းနှင့် ကိုယ်အလေးချိန် တို့မှာလည်း ဦးနှောက်ကို ထိခိုက်နိုင်သည်။

လေ့ကျင့်ခန်းလုပ်ခြင်းမှာ ငွေကုန်ကြေးကျမများသဖြင့် အများ ပြည်သူတို့အတွက် မှတ်ဉာဏ်ထိခိုက်မှုနှင့် ဦးနှောက်အိုမင်းရင့်ရော် မှုကို ကာကွယ်ရန် ဆေးဝါးမလိုသည့် နည်းလမ်းကောင်းတစ်ခုဖြစ် ကြောင်း သုတေသီများက ပြောသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top