iMyanmarHouse.com - Best Property Website for Myanmar
×

ဈေးဆိုင်မှာ ဆံပင်အခြောက်ခံစက် အမျိုးစုံရှိတော့ ရွေးချယ်ရတာ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဆံပင်အခြောက်ခံစက် ဝယ်တဲ့အခါ သိထားရမယ့် အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

·         ဆံပင်အခြောက်ခံစက် မကြာခဏအသုံးပြုသလား။ မိမိဆံပင်သားရယ်၊ မကြာခဏ အသုံးပြုသုံးမှာလားဆိုတာ သိထားမှ စက်မှာ စွမ်းအင် ဘယ်လောက်ရှိသင့်လဲဆိုတာ သိပါလိမ့်မယ်။ ထူထပ်၊ သန်မာတဲ့ ဆံပင်မှာ အားများများနဲ့ blow-dryer လိုအပ်ပါတယ်။ ပါးလွှာ၊ အားနည်းတဲ့ ဆံပင်အတွက် အဲ့ဒီရဲ့ ဆန့်ကျင်ဘက်ပေါ့။

·         ဆံပင်အခြောက်ခံစက်ရဲ့ ဝပ်အားက သူ့ပြင်းအားကို ညွန်ပြပါတယ်။ များများသုံးလေ၊ ဝပ်အား များလေ ဖြစ်ရမှာပါ။ Professional blow dryer တွေမှာ ဝပ်အား ၁၃၀၀ နဲ့ အထက်ရှိပါတယ်။ နေ့စဉ်အသုံးပြုတဲ့ သာမှန်အလှပြင်ဆိုင်သုံး blow-dryer တွေမှာ ၂၆၀၀ ဝပ်အား ရှိပါတယ်။ ဝပ်အားပိုများတဲ့ dryer က ဆံပင် မြန်မြန် ပိုခြောက်စေပါတယ်။

·         Blow-dryer တွေကို ဈေးနှုန်းကနေ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဈေးပိုကြီးလေ အားပိုကောင်းလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သိပ်မသုံးဘူးဆိုရင် ဈေးပေါတဲ့ဟာလေးသာ ဝယ်ပါ။

·         တခြား feature တွေလည်း ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ တချို့မှာ အဆုံးစွန်ထိ အလုပ်မလုပ်တဲ့ စက်တွေကျတော့ အသံသိပ်မထွက်ဘဲ အအေးချိန်ညှိမှု cool setting သို့မဟုတ် အထူးမော်တာတောင် ပါသေးတယ်။ ဆံပင်အခြောက် ခံစက်ရှိ cool setting က ဆံပင်အနေအထား မပျက်အောင် ထိန်းသိမ်းပေးထားပါတယ်။

·         ကြွေထည်မြေထည် အပူပေးစနစ်နဲ့ blow-dryer ကိုပဲ ရွေးပါ။ သံမဏိ သို့မဟုတ် ပလတ်စတစ်အပူပေးစနစ်နဲ့ဟာတွေက ဦးရေပြားကို လောင်စေတဲ့ အပူကို ထုတ်ပေးလေ့ရှိပါတယ်။ ကြွေထည်မြေထည်အပူရှိန်က ဆံပင်တစ်ခုချင်းစီဖြောင့်တန်းစေကာ ညီညီညာညာ ဖြစ်စေပါတယ်။

·         Speed အဆင့်ဆင့်ရှိပြီး အပူချိန် အနေအထားချိန်ညှိချက်ပါတဲ့ blow-dryer က အပူရှိန်နဲ့ speed ကို ကြိုက်သလို ချိန်ညှိနိုင်တာကြောင့် ကောင်းဆုံးဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top