iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ယောက်က တစ်ယောက်ကို ချစ်တယ်လို့ ပြောတဲ့နေရာမှာ ကြိုတင်ပြင်ဆင် ထားသင့်တာ လေးတွေရှိပါတယ်။ ဥပမာ မိန်းကလေးတွေဘက်ကဆို အခွင့်ကောင်းကို စောင့်ပြီး ဖွင့်ပြောဖို့ အဆင်မပြေပါဘူး။ ယောကျာင်္းလေးဘက်က ဖွင့်ပြောလို့ရမယ့် အခွင့်ကောင်း ကို ဖန်တီးပေးလို့ပဲရပါတယ်။ ယောကျာင်္းလေးဘက်က ဖွင့်ပြောမယ် ဆိုရင် လည်း ကောင်မလေးက ကိုယ့်ကို စိတ်ဝင်စားနိုင်ချေ ရှိလားဆိုတာကို အရင် တွက်ချက်ရဦးမှာပါ။ ကဲ ဒါဆိုရင်တော့ ကိုယ် စိတ်ဝင်စားနိုင်တဲ့သူနဲ့ နီးစပ်နိုင်ဖို့အရေး ရုပ်မပေါက်အောင် ဘယ်လို လှုပ်ရှားရမလဲ။

၁။ သူ့ရဲ့  Instagram ဓါတ်ပုံတွေကို Like လုပ်ပေးပါ

Facebook က Like အရေအတွက်နဲ့ Instagram က Like အရေအတွက်က မတူပါဘူး။ Facebook မှာ Like ဗုံးကျဲတာထက်စာရင် Instagram က Like တစ်ခုက သူ့ကို ပိုပြီးသတိထားမိစေမှာပါ။

၂။ မျက်လုံးချင်းစကားပြောပါ

သူ့ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ သူ့ကို ကြည့်ပေးရင် သူ့စိတ်ထဲမှာလည်း ကိုယ့်ကို သတိထားမိလာမှာပါ။

၃။ မိမိသူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အခါ Crush ကို ဖိတ်ကြားပါ

ပါတီတစ်ခုကျင်းပတာပဲဖြစ်ဖြစ် ၊ အဖွဲ့လိုက်စာကျက်တာပဲ ဖြစ်ဖြစ် ၊ ရုပ်ရှင်သွားကြည့် ကြတာပဲ ဖြစ်ဖြစ် Crush ကို ခေါ်သွားပါ။ သူ့ကို အရေးတယူ ဖိတ်ခေါ်ကတည်းက ကိုယ့်ဘက်က စိတ်ဝင်စားနေမှန်း သိသွားစေမှာပါ။

၎။ ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ စကားများများပြောပေးပါ

တယ်လီဖုန်းထဲမှာဖြစ်ဖြစ် ၊ Chat ရင်းနဲ့ ဖြစ်ဖြစ် ၊ SMS နဲ့ ဖြစ်ဖြစ် စကားတွေပြောရင်းနဲ့ သံယောဇဉ်ဖြစ်သွားတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် စကားများများ ပြောနိုင်ဖို့ ရိုးရှင်းတဲ့ အကြောင်းအရာတွေ ရိုးရှင်းတဲ့ စကားလုံးတွေကို သုံးပြီး ခဏခဏ ပြောပေးပါ။ စကားပြောရင်းနဲ့ ပိုမို ရင်းနှီးမှုလည်း ရသွားစေပါတယ်။

၅။ မျက်နှာချင်းဆိုင် စကားပြောတဲ့အခါ သူ့လက်မောင်းကို မသိမသာ တို့ထိ ပေးပါ

ဒါကတော့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို ကျော်လွန်သွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ဖြစ်သွားပါပြီ။ အသားကို မထိတထိ လာတို့တာဟာ ရင်ခုန်စရာ တစ်ခုသဖွယ် ဖြစ်စေပါတယ်။ ဒါဟာ အစပျိုးလိုက်တာလည်း ဖြစ်ပါတယ်။

၆။ စနောက်ပေးပါ

ကိုယ်စိတ်ဝင်စားနေတဲ့သူကို ရယ်ချင်လာအောင် စနောက်ပေးပါ။ သူ့စိတ်ထဲမှာ ကိုယ်က သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်းရှိပါလား လို့ တွေးမိလာစေပါလိမ့်မယ်။

၇။ သူ့ဦးထုပ်ကို ဆွဲချွတ်ပြီး မိမိခေါင်းမှာ ဆောင်းလိုက်ပါ

ဒါက မိန်းကလေးအချစ် တွေအတွက် သိပ်အလုပ်ဖြစ်ပါတယ်။ မိမိစိတ်ဝင်စားနေတဲ့ ကောင်လေး ဦးထုပ်ဆောင်းလာတဲ့အခါမှာ သူ့ဦးထုပ်ကို ရုတ်တရတ် ဆွဲယူလိုက်ပြီး မိမိခေါင်းမှာ ယူဆောင်းလိုက်တဲ့အခါမှာ သိပ်ကို ကဗျာ ဆန်တဲ့ အခိုက်အတန့်တစ်ခု ဖြစ်သွားစေပါတယ်။

၈။ ဆံပင်သပ်ပေးပါ

ဒါကတော့ ယောကျာင်္းလေးတွေအတွက်ပါ။ တို့တဲ့အဆင့် ၊ နောက်တဲ့အဆင့် တွေကို ဖြတ်သန်းပြီးသွားရင်း ကိုယ် စိတ်ဝင်စားနေတဲ့ ကောင်မလေးကို ဆံပင်လေးသပ် ပေးဖို့အတွက်တော့ ရှက်မနေပါနဲ့။ တစ်ဆင့်တိုးလိုက်ပါ။ ကောင်မလေးက သင့် လုပ်ရပ်ကြောင့် သူ့ကိုယ်သူ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးအသွင် ထင်မှတ်သွားစေပြီး ချက်ချင်းပင် အဖြေပြန်ပေးလိုက်နိုင်ပါတယ်။

Credit : Trend Mynmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top