iMyanmarHouse.com - Best Property Website for Myanmar
×

EXO ကေပေါ့ပ်အဖွဲ့မှ အဖွဲ့ဝင်စီဟွန်သည် ကိုရီးယား- တရုတ် ပူးပေါင်းတင်ဆက်မည့် Myo Sung In အမည်ရ ရုပ်ရှင် ဇာတ်ကား၌ ပါဝင်သရုပ်ဆောင် မည်ဖြစ်ကြောင်းနှင့်    ယခုလ အတွင်း ရိုက်ကူးရေးစတင်မည် ဖြစ်ကြောင်း EXO ကေပေါ့ပ်အဖွဲ့ အေဂျင်စီ SM Entertainment က မတ်လ ၁၄ ရက်တွင် အတည် ပြုပြောသည်။

အသက် (၂၁)နှစ်အရွယ်ရှိ စီဟွန်သည် EXO Next Door အွန်လိုင်းဒရာမာဖြင့် သရုပ် ဆောင်လောကကို စတင်ခြေချသူ ဖြစ်သည်။ Myo Sung In ရုပ်ရှင် ဇာတ်ကားတွင်   တရုတ်သရုပ် ဆောင်မင်းသား   လူဒီကိုင်နှင့် တရုတ်သရုပ်ဆောင်မင်းသမီး ဝူကျန်းတို့လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။
Myo Sung In ဇာတ်ကား တွင် စီဟွန်က ယန်းဂူအမည်ရ အဓိကဇာတ်ကောင်အဖြစ် သရုပ် ဆောင်ရမည်ဖြစ်သည်။

ယင်း ဇာတ်ကားသည် ကြောင်လူသား နှင့် ကြောင်အော်သံများကို ဘာသာပြန်ပေးမည့် အက်ပလီကေးရှင်း တစ်ခုအား ဖန်တီးသည့် အမျိုး သမီးတို့ ဇာတ်လမ်းကို တင်ဆက် ထားသော အချစ်စိတ်ကူးယဉ် ဇာတ်ကားဖြစ်သည်။ အဆိုပါ ဇာတ်ကားကို ၂၀၁၇ နှစ်လယ်ပိုင်း တွင် ရုံတင်ပြသမည်ဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top