iMyanmarHouse.com - Myanmar's No. 1 Property Website
×

ဈေးဆိုင်တွေမှာ ရောင်းချတဲ့ နားကြပ်အမျိုးအစား (၃) ခု ရှိပါတယ်။ နားပေါက်ထဲ ထိုးထည့်ရတဲ့ in-ear headphones၊ နားရွက်တစ်ခုလုံး ဖုံးမိုးထားတဲ့ over-ear headphones နဲ့ နားရွက်ပေါ်ချိတ်တင်ထားရတဲ့ on-ear headphones တို့ပဲ ဖြစ်ပါတယ်။ လူအများစုက in-ear သို့မဟုတ်ရင် over-ear headphones ကိုပဲ အရွေးများတာကြောင့် အဲဒီအမျိုးအစား (၂) ခုထဲ ဘယ်ဟာ ပိုကောင်းလဲ လေ့လာကြည့်ရအောင်။

In-ear headphones

နားပေါက်ထဲထိုးထည့်ရတဲ့ in-ear headphones တွေက ကျစ်လစ်ပြီး နေရာသိပ်မစားတော့ သယ်ရပြုရတာ အင်မတန် အဆင်ပြေပါတယ်။ ဆူညံသံကင်းရှင်းစေတဲ့ နားကြပ်ရှာနေပါက in-ear တွေက အကောင်းဆုံးရွေးချယ်မှု မဟုတ်နိုင်ပါဘူး။ နောက်ပြီး ပြင်ပဆူညံမှု အသံဗလံ ခုခံတွန်းလန်မယ်ဆိုရင် အသံသာ ပိုချဲ့မိပါလိမ့်မယ်။ အဲဒါ နားအတွက် မကောင်းပါဘူး။ နားက အရမ်းထိခိုက်လွယ်ပြီး နားပေါက်ထဲ ဘာမှမထားချင်ဘူးဆိုရင် ဒီနားကြပ်မျိုးက သင့်အတွက် လုံးဝ မဟုတ်ပါ။ အသံကောင်းမှုအပိုင်းမှာ in-ear headphones က သေးကောင်းသေးနိုင်ပေမယ့် သင့်တင့်ကောင်းမွန်တဲ့ အသံကို ထုတ်ပေးနိုင်ပါတယ်။

Over-ear headphones

 In-ear headphones နဲ့ မတူတာက over-ear နားကြပ်တွေဟာ ဝန်ကျယ်ပြီး ခရီးသွားရင် အတူယူသွားဖို့ အနှောင့်အယှက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဒီ နားကြပ်အမျိုးအစားက အဆင်မပြေမှုတွေသာ ရှိတာပါ။ အကောင်းဆုံး အသံကွာလတီ ပိုင်ဆိုင်ထားပါတယ်။ နားရွက်တစ်ခုလုံး ဖုံးအုပ်ပေးထားတာမို့ ပြင်ပအသံဆူညံမှု ကင်းရှင်းစေပါတယ်။ Over-ear headphones များက အသံထွက်ပိုကောင်းပြီး အရွယ်အစားအနေနဲ့လည်း ပိုကြီးတာကြောင့် ဈေးပိုကြီးလေ့ရှိပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top