iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် အဆိုတော် ဆယ်လီနာဂိုးမက်ဇ်သည် Instagram လူမှုကွန်ရက် ၌ မိတ်ဆွေဖွဲ့သူ (ဖော်လိုဝါ)အများဆုံးပုဂ္ဂိုလ်ဖြစ်သွားပြီဖြစ်သည်။

အသက် (၂၃)နှစ်အရွယ်ရှိ ဆယ်လီနာဂိုးမက်ဇ်သည်အဆိုပါသတင်းကောင်းကို ၎င်း၏ပရိသတ်များအား Snapchat လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်ဝေမျှခဲ့သည်။

‘‘ပရိသတ်ကြီးရေ ကျွန်မတော့ Instagram မိတ်ဆွေဖွဲ့သူ အများဆုံးဖြစ်သွားပြီ။ ကျေးဇူးတင်ပါတယ်’’ဟု ဆယ်လီနာက Snapchat ဗီဒီယိုတွင် ပြောခဲ့သည်။

ဆယ်လီနာဂိုးမက်ဇ်သည် လက်ရှိတွင် Instagram ၌ ဖော်လိုဝါ ၆၉ ဒသမ ၁ သန်းရှိ၍ ယင်း လူများက ၎င်း၏ လှုပ်ရှားမှုများကိုစောင့်ကြည့်နေမည်ဖြစ်သည်။ ဆယ်လီနာ၏နောက်တွင် သူငယ်ချင်းဖြစ်သူ အဆိုတော်တေလာဆွစ်ဖ်က Instagram ၌ ဖော်လိုဝါ ၆၉ သန်းဖြင့် ရှိနေသည်။

ဆယ်လီနာဂိုးမက်ဇ်သည် တေလာဆွစ်ဖ်အပြင် Insta-gram ၌ ဖော်လိုဝါ ၆၁ ဒသမ ၃ သန်းရှိသော ရည်းစားဟောင်း ဂျပ်စတင်ဘီဘာကိုလည်း ဖြတ်ကျော်နိုင်ခဲ့သည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top