iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ 2NE1 အဖွဲ့ဝင် မင်ဇီသည် အဖွဲ့မှ ထွက်လိုက်ပြီဟု ၎င်း၏အေဂျင်စီ YGEntertainment က ဧပြီ ၅ ရက် တွင် ကြေညာသည်။

‘‘အဖွဲ့ထဲမှာ အသက်အငယ် ဆုံးဖြစ်တဲ့ မင်ဇီဟာ 2NE1 အဖွဲ့ နဲ့အတူရှိတော့မှာ မဟုတ်ပါဘူး’’ဟု YG Entertainment ၏တရားဝင်စာမျက်နှာတွင် ဖော်ပြသည်။ မေလ ၅ ရက်တွင် အေဂျင်စီနှင့် 2NE1 အဖွဲ့ဝင်များအကြား စာချုပ်သက်တမ်းမပြည့်မီ အဖွဲ့ဝင်အားလုံးနှင့် တွေ့ဆုံရာ၌ မင်ဇီတစ်ဦးတည်းက စာချုပ်သက် တမ်းထပ်တိုးရန် ဆန္ဒမရှိဟု ဖော်ပြခဲ့သည်ဟု YG Entertainment က ပြောသည်။

2NE1 အဖွဲ့သည် ၂၀၁၄ ဖေဖော်ဝါရီတွင် "Crush" တေး အယ်လ်ဘမ် ထွက်ပြီးနောက်ပိုင်းအဖွဲ့လိုက် အနုပညာလှုပ်ရှားမှု များ ရပ်တန့်နေခဲ့သည်။ သို့ရာ တွင် 2NE1 အဖွဲ့ပြိုကွဲတော့မည် ဟူသော သတင်းများကို YG Entertainment က ငြင်းဆို သည်။

2NE1 အဖွဲ့သည် ကျန်အဖွဲ့ ဝင်သုံးဦးဖြစ်သော CL ၊ ပတ်ဘွန်း နှင့် ဒါရာတို့ဖြင့် ယခုနှစ်နွေရာသီတွင် တေးသီချင်းသစ်များ ထွက်ရှိရန်  စီစဉ်နေကြောင်းနှင့်  မင်ဇီ နေရာ၌ အဖွဲ့ဝင်သစ်တစ်ဦးအ စားထိုးရန် အစီအစဉ် မရှိကြောင်းYG Entertainment က  ပြော သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top