iMyanmarHouse.com - Best Property Website for Myanmar
×

အနက်ရောင်က လူကြိုက်အများဆုံးအရောင်တစ်ခုပါ။ ပိုကြိုက်ကြတာက အ၀တ်အစားကို အနက်ရောင်ရွေးချယ်ဝတ်ဆင်ကြရတာပါပဲ။ တချို့ဆိုရင် အနက်ရောင်ကိုကြိုက်လွန်းလို့ အပေါ်အနက်၊ အောက်အနက်အပြင် ဖိနပ်ကအစအနက်ရောင်ရွေးပြီး All Black ဒီဇိုင်းနဲ့ အမြဲတွေ့ရတတ်ပါတယ်။ အနက်ရောင်က အပူစုပ်တဲ့အရောင်မို့လို့ ပူတာကတော့ ရှိတာပေါ့။ ဒါပေမဲ့ အနက်ရောင်ကိုရွေးချယ်သင့်တဲ့ အကြောင်းအရင်းအချို့ကိုလည်း ထည့်တွက်လို့အောင် ရေးသားလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်ကို ပိုကြည့်ကောင်းစေ

အနက်ရောင်က ၀နေတဲ့သူကို သွယ်တယ်ထင်ရအောင်၊ ပိန်တဲ့သူကို အနည်းငယ်ပြည့်သယောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ All Black ၀တ်လိုက်တဲ့အခါမှာ ကိုယ်ထည်တစ်ခုလုံးက အရမ်းကြီးလှမနေရင်တောင် သူ့ဘာသာအဆင်ပြေပြေလေးနဲ့ ကြည့်ကောင်းနေမှာ သေချာပါတယ်။

၂။ မျက်စိမနောက်ဘူး

တချို့အရောင်တွေက ၀တ်ချင်တိုင်းဝတ်လို့မကောင်းပါဘူး။ ကိုယ်နဲ့လိုက်တာမလိုက်တာနဲ့၊ မျက်စိနောက်လွန်းစရာဖြစ်တာမျိုးတွေလည်းရှိပါတယ်။ ပိုဆိုးတာက အရောင်တွဲဖက်မှုမှားရင် အကြည့်ရတော်တော်ဆိုးပါတယ်။ အနက်ဝမ်းဆက်ဝတ်ရင် လူတစ်ယောက်က တည်ငြိမ်မှုအသွင်နဲ့ ထူးခြားတဲ့အလှတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။

၃။ တခြားအဆင်တန်ဆာတွေနဲ့လိုက်တာ

All Black ၀တ်ထားရင် တခြားအဆင်တန်ဆာတွေကို ကြိုက်တဲ့အရောင်၊ ကြိုက်တဲ့ပုံစံနဲ့ဝတ်တာတောင် လိုက်ပါတယ်။ နေကာမျက်မှန်၊ ဆွဲကြိုး၊ လက်ကောက်၊ အိတ်၊ နားကပ်နဲ့ တခြားအဆင်တန်ဆာဘာပဲဝတ်လိုက်ဝတ်လိုက် အမြင်မရှုပ်တော့ပါဘူး။

၎။ ထင်ပေါ်မှု

အနက်ဝမ်းဆက်ဝတ်ရင် လူကြည့်ခံရ၊ လူစိတ်ဝင်စားခံရတဲ့ရာခိုင်နှုန်းက သာမန်ထက် နှစ်ဆနီးပါးလောက်ပိုများတယ်လို့ အရောင်သုတေသီတွေကဆိုပါတယ်။ ပွဲလမ်းသဘင်တစ်ခုခုမှာ ထင်ထင်ပေါ်ပေါ်နဲ့ ကြည့်ကောင်းနေချင်ရင် All Black ၀တ်ဆင်ဖို့ရွေးချယ်နိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top