iMyanmarHouse.com - Best Property Website for Myanmar
×

ဝက်ခြံပေါက်လာပြီဆိုရင် စိတ်ထဲမှာ ချက်ချင်းဆိုသလို ညှစ်ပြစ်လိုက်ချင်စိတ်ကို ထိန်းမရဖြစ်တာကို ကြုံဖူးမှာပါ။ ညှစ်လိုက်ရင်လည်း အမာရွတ်တွေကျန်သွားမှာကို စိုးရိမ်ရပါတယ်။ ဝက်ခြံပျောက်အောင် နည်းနည်းတော့ စိတ်ရှည်ရှည်ထားရမယ်။ ဝက်ခြံပျောက်အောင် လိုက်နာသင့်သော ၅ ချက်ကို ပြောပြမယ်နော်။

နွားနို့ထက် ပဲနို့ကို သောက်ပါ

နွားနို့ကို ကြိုက်လို့နေ့တိုင်းသောက်နေရင် နွားနို့ထဲမှာ Testosterone လို့ခေါ်တဲ့ ယောင်္ကျားမော်မုန်းဓာတ်တွေ ပါဝင်တဲ့အတွက်ကြောင့် နွားနို့သောက်တာများရင် ဝတ်ခြံပေါက်လွယ်တတ်ပါတယ်။ နွားနို့ထက်စာရင် ပဲနို့ကို သောက်သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပဲနို့ထဲမှာ Isoflavone လို့ခေါ်တဲ့ အမျိုးသမီး မော်မုန်းဓာတ်များပါဝင်တဲ့အတွက် ခန္ဒာကိုယ်တွင်းက မော်မုန်းတွေကို ညီမျှအောင် ဆောင်ရွက်ပေးတဲ့အတွက် ဝတ်ခြံမပေါက်အောင် တားမြစ်နိုင်ပါတယ်။

 ဗီတာမင်(စီ)ကို သောက်ပါ

ဗီတာမင်(စီ)ဟာ ဝက်ခြံပေါက်တာကို ကြိုတင်ကာကွယ်ပေးသော ဓာတ်တမျိုးဖြစ်ပြီး အသားအရေကို လှပစေမှာပါ။ ဝက်ခြံကြောင့် ဖြစ်လာတတ်တဲ့ အစက်အပြောက်တွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ဒိန်ချဉ်ထဲမှာ ငှက်ပျောသီး ထည့်စားပါ

ဒိန်ချဉ်ထဲမှာ အသားအရေကို ကျန်းမားသန်စွမ်းစေတဲ့ ဗီတာမင် B2 ပါဝင်ပါတယ်။ ဒိန်ချဉ်ကိုပဲ စားရင်ရသလို၊ ငှက်ပျောသီးကို ထည့်စားသင့်ပါတယ်။ ငှက်ပျောသီးအတွင်းမှာ ဗီတာမင် B6 ပါဝင်တဲ့အတွက် အသားအရေရဲ့ ခံနိုင်ရည်စွမ်းအားကို ကောင်းမွန်အောင် လုပ်ပေးပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းကိုလည်း သန့်ရှင်းအောင်လုပ်ပေးနိုင်သော စွမ်းအင်လည်း ရှိပါတယ်။

ဆံပင်ကို စည်းထားပါ

ဝက်ခြံပေါက်နေတဲ့နေရာကို ဆံပင်နဲ့ထိရင် ပိုပြီး ဆိုးလာတတ်ပြီး အမာရွတ်တွေလည်း ကျန်တတ်ပါတယ်။ ဒါကြောင့် ကလစ်၊ ဆံပင်စည်း သရေပင်ဖြင့် စည်းထားပါ။ ပုံမှန်မှာ သိပ်ပြီး ဆံပင်မစည်းတဲ့သူဖြစ်နေရင်လည်း ဝတ်ခြံပေါက်တာကို ကာကွယ်ဖို့အတွက် အလှပြင်ထားတဲ့ပုံစံလေးနဲ့နေရင် ပိုမကောင်းဘူးလား။

 ပေါင်ဒါ အမျိုးအစား မိတ်ကပ်လိမ်းပါ

ဝက်ခြံပေါက်နေရင် ပုံမှန် မိတ်ကပ် အမျိုးအစားကို လိမ်းရင် အနာကို ဖုံးသွားပြီး အနာကျက်ဖို့လည်း အချိန်ပေးရမှာပါ။ ဒါကြောင့် ပေါင်ဒါ အမျိုးအစား မိတ်ကပ်ကို လိမ်းသင့်ပါတယ်။ အပေါ်က ၅ ချက်ကို လိုက်နာကြည့်ရင်တော့ ဝတ်ခြံအတွက် ကာကွယ်နိုင်ပြီး သန့်ရှင်းစိုပြေနေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ အမှန်ပါ။

Credit : Chelmo Team
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top